မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ ထုတ်ပြန်ချက်


မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ ဆက်စပ်ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှု သတင်းတွေနဲ့ ပတ်သက်ပြီး၊ အနီးကပ်စောင့်ကြည့်နေကြောင်း မြန်မာဆိုင်ရာလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ အကြီးအကဲဖြစ်သူ Nicholas Koumjian က ကြေညာချက် ထုတ်ပြန်ပါတယ်။

ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို သေစေလောက်အောင် အင်အားသုံးဖြိုခွဲတာ၊ နိုင်ငံရေး ခေါင်းဆောင်တွေ၊ အရပ်ဘက် လူမှုအဖွဲ့အစည်း အဖွဲ့ဝင်တွေ၊ ဆန္ဒပြသူတွေကို ဖမ်းဆီးတာတွေနဲ့ သက်ဆိုင်တဲ့ သတင်းတွေကို နားစွင့်နေကြောင်း၊ တကယ်လို့ ကြီးလေးတဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတွေ၊ အပြည်ပြည်ဆိုင်ရာ ဥပဒေချိုးဖောက်မှုတွေ ကျူးလွန်နေကြောင်း သတင်းတွေ မြင်တွေ့ရမယ်ဆိုရင် မိမိတို့ရဲ့ လုပ်ပိုင်ခွင့်ကို ကျေပွန်အောင် ဆောင်ရွက်သွားမှာဖြစ်ပြီး၊ ပြစ်မှုအတွက် တာဝန်ရှိသူတွေကို တာဝန်ခံမှု ရှိစေဖို့အတွက်၊ သက်သေခံအထောက်အထားတွေ စုဆောင်းပြီး၊ ရာဇဝတ်အမှုတွဲ တည်ဆောက်သွားမှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ ထုတ်ပြန်ချက် မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှု ယန္တရားရဲ့ ထုတ်ပြန်ချက် Reviewed by THITHTOOLWIN on 08:41 Rating: 5

No comments:

Powered by Blogger.