မန္တလေးဘူတာကြီးအနီးမှာ ပစ်ခတ်ဖြိုခွင်းနေ


မန္တလေးဘူတာကြီးအနီးမှာ ပြီးခဲ့တဲ့နာရီပိုင်းက ဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းနေတယ်လို့ မန္တလေးဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ နာရီပိုင်းအထိ မန္တလေးဘူတာကြီးအနီးမှာ ရထားလမ်းပိတ်ပြီး ဆန္ဒပြမှုတွေရှိခဲ့ပြီး လူစုလူဝေးတွေ ရှိနေခဲ့တာ ဖြစ်ပါတယ်။

ပစ်ခတ်သံတွေ အချက်၂၀ ကျော် ကြားနေခဲ့ရသလို ပစ်ခတ်ဖြိုခွင်းမှုတွေဟာ ည ၈ နာရီနောက်ပိုင်းမှာ ဖြစ်ခဲ့တယ်လို့လည်း ဘီဘီစီကို ပြောပါတယ်။

မန္တလေးဘူတာကြီးအနီးမှာ ညနေပိုင်း ရထားထွက်မယ်လို့ သတင်းရလို့ မီးရထား ဝန်ထမ်းတွေနဲ့ ဆန္ဒပြသူတွေက ပိတ်ဆို့ ဆန္ဒပြနေခဲ့ကြတာ ဖြစ်ပါတယ်။

ဘူတာ၀င်း အနောက်ဘက် ၇၉ လမ်းနဲ့ ၃၄ လမ်းထောင့်က ပရဟိတမင်းခေါင်အဖွဲ့အသင်း ကားတွေကိုလည်း အုတ်တံတိုင်း ကျော်တက်ပြီး အပစ်ခံရကြောင်း၊ ကားတွေအပစ်ခံရပြီး ပရဟိတသမားတစ်ဦး ဦးခေါင်းနဲ့ပေါင်ကို ထိမှန်သွားကြောင်း၊ အပြင်ထွက်တာနဲ့ ပစ်နေလို့ ပရဟိတသမားတွေ ရုံးထဲမှာ ပိတ်မိနေကြောင်း ဒေသခံတွေဆီက သတင်းရရှိပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

မန္တလေးဘူတာကြီးအနီးမှာ ပစ်ခတ်ဖြိုခွင်းနေ  မန္တလေးဘူတာကြီးအနီးမှာ ပစ်ခတ်ဖြိုခွင်းနေ Reviewed by THITHTOOLWIN on 23:20 Rating: 5

No comments:

Powered by Blogger.