ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီး သုံးယောက်ကို ဆက်သွယ်မရသေး

ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီး သုံးယောက်ကို ဆက်သွယ်မရသေး တနင်္သာရီတိုင်း လူမှုရေးနဲ့ စည်ပင်ဝန်ကြီး ဦးဟိုပင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီး ဦးကျော်မင်း၊ စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချို တို့ကို တွေ့ရစဉ် (ဝဲ မှ ယာ)

တနင်္သာရီတိုင်း လူမှုရေးနဲ့ စည်ပင်ဝန်ကြီး ဦးဟိုပင်၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အလုပ်သမားဝန်ကြီး ဦးကျော်မင်း နဲ့ စီမံဘဏ္ဍာဝန်ကြီး ဒေါ်ရီရီချိုတို့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးခံထားရတာ ၁၁ ရက် ကြာတဲ့အထိ ဘာသတင်းမှ မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီနေ့ဆိုရင် ဝန်ကြီးအိမ်ရာထဲကနေ မိသားစုဝင်တွေ အပြီးထွက်ခွာပေးရမယ်လို့ ရဲအုပ်တစ်ယောက်က နှုတ်မိန့်နဲ့ ပြောထားတယ်လို့ ဝန်ကြီး ဦးဟိုပင်ရဲ့ ဇနီး ဒေါ်မာမာလွင်က ပြောပါတယ်။ ဦးဟိုပင်ဟာ ဖေဖော်ဝါရီ ၁ ရက် မနက် ၅ နာရီကတည်းက လ.ဝ.က ဝန်ကြီး ဦးကျော်မင်းနဲ့အတူ အဖမ်းခံခဲ့ရတာ ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြင့်မောင်ကို မနေ့ညက နေအိမ်အကျယ်ချုပ်ကနေ ထပ်မံဖမ်းဆီးသွားပါတယ်။ မနေ့ညက တနင်္သာရီတိုင်းဝန်ကြီးချုပ်အပြင် ရှမ်းနဲ့ မွန်က ဝန်ကြီးချုပ်တွေလည်း ထပ်မံ ဖမ်းဆီးခံထားရ ပါတယ်။


RFA Burmese

https://www.rfa.org/burmese/news/cannot-contact-three-tanintharyi-ministers-02112021001617.html

ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီး သုံးယောက်ကို ဆက်သွယ်မရသေး  ဖမ်းဆီးခံထားရတဲ့ တနင်္သာရီတိုင်းဝန်ကြီး သုံးယောက်ကို ဆက်သွယ်မရသေး Reviewed by THITHTOOLWIN on 18:12 Rating: 5

No comments:

Powered by Blogger.