စစ်ကောင်စီ ဖမ်းဆီးတဲ့ နိုင်ကျဉ်း ၇၀၀ နီးပါးရှိလာ

ဖေဖော်ဝါရီလ ၁၂ ရက်နေ့က မော်လမြိုင်မြို့ဆန္ဒပြပွဲမှာ ဆန္ဒပြသူ တဦးကို ဖမ်းဆီးနေတဲ့ မြင်ကွင်း။ (ဖေဖော်ဝါရီ ၁၂၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဖမ်းဆီးမှုတွေ ဆက်တိုက်လိုရှိနေတဲ့အတွက် နိုင်ငံရေးအကျဉ်းသားအရေအတွက် ပိုများလာမှာကို လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကျွမ်းကျင်သူတွေက စိုးရိမ်နေကြပါတယ်။

အင်္ဂါနေ့အထိဆိုရင် သံဃာတော်တွေ၊ စာရေးဆရာတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးသမားတွေအပါအဝင် ဖမ်းဆီးခံထားရသူပေါင်း ၇၀၀ နီးပါးရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (AAPP) ကပြောပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က အကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေအပြင် အခုနောက်ထပ် ရာနဲ့ချီပြီး တိုးလာတာပါ။

"နောက်ထပ် နိုင်ငံရေးအကျဉ်းသားတွေ တိုးလာတာကိုသာမက နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ပစ်မှတ်ထားလာတာကိုပါ တွေ့နေရပါတယ်။" လို့ နယူးယောက်အခြေစိုက်၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (HRW) က မြန်မာသုတေသီ မန်နီမောင်က အေပီသတင်းဌာနကို ပြောပါတယ်။

NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ သတင်းထောက်တွေ၊ စစ်တပ်နဲ့ အစိုးရကိုဝေဖန်သူတွေနဲ့ တခြားလူတွေကို ကိုလိုနီလက်ထက်ကတည်းက ပြဌာန်းခဲ့တဲ့ ဥပဒေတွေနဲ့ တရားစွဲ ထောင်ချတာတွေရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၃၁ ရက်နေ့အထိဆိုရင် နိုင်ငံရေးအကျဉ်းသားပေါင်း ၇၀၀ ကျော်ရှိပြီး အများအပြားဟာ NLD အစိုးရလက်ထက်မှာ အကျဉ်းချခံရတာဖြစ်တယ်လို့ AAPP ကပြောပါတယ်။

ညဥ့်နက်သန်းခေါင်မှာ အရပ်ဝတ်တွေနဲ့ ဝင်ဖမ်းတာအပါအဝင် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြသူတွေကို စစ်ကောင်စီက ဆက်ပြီးနှိမ်နင်းနေတာနဲ့အမ ျှ အဖမ်းမခံရဖို့အတွက် ပုန်းရှောင်နေရတယ်လို့ ထင်ရှားတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေက အေပီသတင်းဌာနကို ပြောပါတယ်။

ဖမ်းခံထားရသူတွေအနေနဲ့ မိသားစုဝင်တွေနဲ့ အဆက်အသွယ်မရသလို သူတို့ကို ဘယ်မှာထိန်းသိမ်းထားတယ်ဆိုတာလည်း မသိရပါဘူး။

"အကျဉ်းသားတွေရဲ့ အခြေအနေနဲ့ပတ်သက်လို့ တကယ့်ကို စိုးရိမ်မိပါတယ်။ ဆိုးဆိုးရွားရွား ပြုမူခံရတာအပြင် နှိပ်စက်ညှဉ်းပန်းတာမျိုးအထိ အရင်ကလည်း ဖြစ်ခဲ့ဖူးတာကြောင့် အဆိုးဆုံးကို မေ ျှာ်လင့်ထားပါတယ်။" လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က သုတေသီ မန်နီမောင်ကပြောပါတယ်။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/polital-prisoners-in-myanmar-have-been-arrested/5790786.html

စစ်ကောင်စီ ဖမ်းဆီးတဲ့ နိုင်ကျဉ်း ၇၀၀ နီးပါးရှိလာ စစ်ကောင်စီ ဖမ်းဆီးတဲ့ နိုင်ကျဉ်း ၇၀၀ နီးပါးရှိလာ Reviewed by THITHTOOLWIN on 20:18 Rating: 5

No comments:

Powered by Blogger.