တာမွေထဲ တပ်နဲ့ရဲ၀င်စီး၊ ပစ်ခတ်ဖမ်းဆီးတာတွေလုပ်

 ညနက်ချိန်ထိ လက်နက်ကိုင်တွေနဲ့ ပြည့်နေ

ရန်ကုန်မြို့၊ တာမွေမြို့နယ်ထဲက ရပ်ကွက်တွေထဲ၊ စစ်တပ်နဲ့ရဲတွေ မနေ့ ညနေပိုင်းကတည်းက ၀င်ရောက် စီးနင်းခဲ့ပါတယ်။

ပစ်ခတ်တာတွေ၊ နေအိမ်တိုက်ခန်းတွေထဲထိ စီးနင်းရှာဖွေတာတွေ လုပ်ခဲ့ပြီး၊ ကျောက်မြောက်ကြီး၊ အောင်မင်္ဂလာ၊ ကျောက်ရေတွင်း တလျှောက်၊ ညနက်ချိန်ထိ လက်နက်ကိုင်တွေနဲ့ ပြည့်နေတယ်လို့ မျက်မြင်တွေက ပြောကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ခန့်တဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေကို မလိုလား၊ လက်မခံကြောင်း မနေ့ညနေပိုင်းကတည်းက တာမွေ၊ သာကေတနဲ့ ဒေါပုံစတဲ့ ရန်ကုန်က မြို့နယ်တချိူ့မှာ၊ ဒေသခံတွေကန့်ကွက်ခဲ့ကြပါတယ်။

ရဲသတင်းပေးတွေ ရှိနေတဲ့အတွက် ရဲတွေဟာ သူတို့လိုချင်၊ ဖမ်းချင်တဲ့ သူတွေရဲ့ ဓာတ်ပုံတွေ၊ လက်၀ယ်ရှိနေပါတယ်။ ဘယ်အိမ်မှာ နေတာလဲကအစ အတိအကျ သိပြီး၊ နေအိမ်တိုက်ခန်းတွေထဲထိ စီးနင်း ရှာဖွေပါတယ်။ ၀ရမ်းပါမှ ရှာခွင့်ရှိတယ် ဆိုတဲ့ ဥပဒေကိုလည်း အာဏာသိမ်းကောင်စီက ဖျက်ထားပြီး ဖြစ်ပါတယ်။ 

ဒီအကြောင်းနဲ့အတူ နောက်ဆုံးရသတင်းတွေကို ဘီဘီစီမြန်မာပိုင်းရဲ့ ၀က်ဘ်ဆိုက် လိုက်ဖ်စာမျက်နှာမှာ တိုက်ရိုက်ထုတ်လွှင့် တင်ဆက်နေပါတယ်။

ရပ်ကွက်နေပြည်သူတွေကို လက်နက်ကိုင်တွေက ဝိုင်း

နေအိမ်တိုက်ခန်းတွေထဲထိ စီးနင်းရှာဖွေ



BBC Burmese

https://www.bbc.com/burmese/live/burma-56140135

တာမွေထဲ တပ်နဲ့ရဲ၀င်စီး၊ ပစ်ခတ်ဖမ်းဆီးတာတွေလုပ် တာမွေထဲ တပ်နဲ့ရဲ၀င်စီး၊ ပစ်ခတ်ဖမ်းဆီးတာတွေလုပ် Reviewed by THITHTOOLWIN on 09:10 Rating: 5

No comments:

Powered by Blogger.