မြန်မာနိုင်ငံမှာ အင်တာနက် အဆက်အသွယ်တွေ ဖြတ်တောက်ခံထားရတာနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မိတယ်လို့ Facebook ဖေ့စ်ဘွတ်ခ်ကုမ္ပဏီရဲ့ တာဝန်ရှိပုဂ္ဂိုလ် ရာဖာယဲလ် ဖရန်ကဲလ်က ပြောကြားလိုက်ပြီး ဆိုရှယ်မီဒီယာ ကွန်ရက်တွေ ပြန်ဖွင့်ပေးဖို့ အာဏာသိမ်း စစ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက ဖေ့စ်ဘွတ်ခ်နဲ့ တခြား ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေကို ပိတ်ပစ်ဖို့ အာဏာပိုင်တွေက အမိန့်ပေးခဲ့ပါတယ်။ ဒီကနေ့ စနေနေ့မှာတော့ အင်တာနက်လိုင်းတွေပါ ပြတ်တောက်သွားခဲ့တာ ဖြစ်ပါတယ်။
BBC Burmese
ဆိုရှယ်မီဒီယာ ကွန်ရက်တွေ ပြန်ဖွင့်ပေးဖို့ ဖေ့စ်ဘွတ်ခ်တောင်းဆိုလိုက်
Reviewed by THITHTOOLWIN
on
23:06
Rating:
No comments:
Post a Comment