မြစ်ကြီးနား ဆန္ဒပြဖြိုခွဲမှုမှာ သတင်းထောက်တွေ အဖမ်းခံရ

 ဆန္ဒပြဖြိုခွဲမှုကို သတင်းတိုက်ရိုက် ထုတ်လွှင့်ခဲ့ကြ

မြစ်ကြီးနား လျှပ်စစ်ရုံး ဆန္ဒပြဖြိုခွဲမှုဖြစ်စဥ်မှာ တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နေတဲ့ သတင်းထောက်တွေကို တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံ သတင်းထောက်တွေက ဘီဘီစီကို ပြောပါတယ်။

74 media အယ်ဒီတာချုပ် ကိုထွယ်အောင်နဲ့ ကင်မရာ အကူ ကိုနော်ဆိုင်း၊ Mizzima သတင်းဌာနမှ ကိုစိုင်းလှအောင်နှင့် အခြားသတင်းဌာနများက သတင်းထောက် စုစုပေါင်း၅ ဦးခန့်ကို မြစ်ကြီးနား လျှပ်စစ်ရုံး ဖြစ်စဥ်မှာ သတင်းယူရင်း ဖမ်းဆီး ခေါ်ဆောင်တယ်လို့ကနဦး သိရပါတယ်။

မြစ်ကြီးနား စက်မှုရပ်ကွက်ဖြိုခွဲမှုမှာ သတင်းယူနေခဲ့တဲ့ အခြားသတင်းထောက် အချို့ကတော့ ထွက်ပြေးလွတ်မြောက်လာကြောင်း ကိုယ်တိုင်ထွက်ပြေးလွတ်မြောက်လာသူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56046651

မြစ်ကြီးနား ဆန္ဒပြဖြိုခွဲမှုမှာ သတင်းထောက်တွေ အဖမ်းခံရ  မြစ်ကြီးနား ဆန္ဒပြဖြိုခွဲမှုမှာ သတင်းထောက်တွေ အဖမ်းခံရ Reviewed by THITHTOOLWIN on 22:27 Rating: 5

No comments:

Powered by Blogger.