အာဏာသိမ်းစစ်ကောင်စီက အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေ ပုဒ်မ ၂၅ နဲ့ ထပ်တိုးပြီးတရားစွဲခဲ့တယ်လို့ အမှုကို လိုက်ပါဆောင်ရွက်ပေးမယ့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ဘီဘီစီကို ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို သဘာ၀ဘေးအန္တရယ်စီမံမှု ဥပဒေ ပုဒ်မ ၂၅ နဲ့ ထပ်တိုး တရားစွဲခဲ့တာဟာ ဘာကြောင့် တရားစွဲတယ်ဆိုတာနဲ့ ပတ်သက်ပြီး ကြည့်ခွင့်မရသေးကြောင်း သူကပြောပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံနဲ့ သမ္မတတို့ကို ဗီဒီယိုအွန်းလိုင်းစနစ် video conferencing နဲ့ ပထမဆုံးအကြိမ် ဒီကနေ့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။
အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပို့ကုန်၊ သွင်းကုန် ဥပဒေ ပုဒ်မ ၈၊ သဘာဝဘေးအန္တရာယ်စီမံမှုဥပဒေ ပုဒ်မ ၂၅၊ သမ္မတ ဦးဝင်းမြင့်ကိုတော့ သဘာဝဘေးအန္တရာယ် စီမံမှု ပုဒ်မ ၂၅ တို့နဲ့ ဒီနေ့ တရားစွဲတင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်အတွက် NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီက ငှားရမ်းထားတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က လိုက်ပါဆောင်ရွက်မှာဖြစ်ပြီး သမ္မတ ဦးဝင်းမြင့်ကတော့ သူကိုယ်တိုင်လည်း ဥပဒေသမား ရှေ့နေတစ်ဦးဖြစ်တဲ့အတွက် ရှေ့နေ ငှားရမ်းလိုခြင်း မရှိဘူးလို့ ဒီနေ့ ဖေဖော်ဝါရီလ ၁၆ ရက် တရားရုံးထုတ်မှာ ပြောခဲ့တဲ့ အကြောင်းဦးခင်မောင်ဇော်ကပြောပါတယ်။
BBC Burmese
No comments:
Post a Comment