အင်တာနက် ဖြတ်တောက်ခံနေရပြီး ဒစ်ဂျစ်တယ် အမှောင်ချခံထားရတဲ့ ပြည်တွင်းက အခြေအနေအပေါ် နိုင်ငံတကာရောက် မြန်မာတွေ စိုးရိမ်ပူပန်နေပါတယ်။
ကြိုတင် သိထားရတဲ့ အတိုင်း မြန်မာပြည် သန်းခေါင်းယံကျော် မနက် ၁ နာရီ ၀န်းကျင် အချိန်ကစလို့ အင်တာနက်လိုင်းတွေ ပြတ်တောက် သွားပါတယ်။
မြန်မာပြည်ထဲက သူတွေ အွန်လိုင်းပေါ်ကနေ ပျောက်သွားကြတဲ့နောက်၊ နိုင်ငံတကာရောက် မြန်မာတွေရဲ့ စိတ်ပူသံတွလည်း ဖေ့စ်ဘုတ်တခွင် ကြားလာရပါတယ်။
တချို့လည်း နိုင်ငံတကာ လေကြောင်း ပျံသန်းမှု ခရီးစဥ်တွေကို စောင့်ကြည့်နိုင်တဲ့ ၀က်ဘ်ဆိုက်တွေမှာ မြန်မာပြည်ကို ဘယ်လေယာဥ်တွေ အတက်အဆင်း လုပ်သလဲ ဆိုတာတွေကို စိတ်၀င်စားနေတာ တွေ့နေရပါတယ်။
အရင် ရက်တွေကတည်းက၊ တရုတ်ပြည်နဲ့ မြန်မာကြား အသွားအလာ ရှိနေတဲ့ လေယာဥ် ခရီးစဥ်တွေနဲ့ ပတ်သက်ပြီး လူတွေကြား ကောလဟာလ အမျိုးစုံ ထွက်နေခဲ့ပါတယ်။
အဓိကကတော့ အာဏာသိမ်း မြန်မာစစ်တပ် အပေါ် တရုတ်က အကူအညီ အထောက်အပံ့ တွေ ပေးနေတာ ဆိုတဲ့ ထင်မြင် ယူဆချက်တွေ ဖြစ်ပြီး၊ တရုတ်ဘက်က ငြင်းဆိုမှုတွေ ရှိခဲ့ပါတယ်။
အစောပိုင်းကတော့ အလွှာစုံ၊ နယ်ပယ်စုံက သူတွေ အင်နဲ့အားနဲ့ ပါ၀င်မှု လျော့ကျ မသွားခဲ့တဲ့ စစ်အာဏာသိမ်း ဆန့်ကျင်ပွဲတွေ ရန်ကုန်မှာ တနင်္ဂနွေနေ့က ဆက်လက် ဖြစ်ပေါ်ခဲ့ပါတယ်။
ဒီနောက်မှာ သံချပ်ကာ အမြှောက်ကား၊ တင့်ကားတွေ ရန်ကုန်မြို့လယ်မှာ လှည့်လည်မောင်းပြတာမျိုး အာဏာသိမ်း စစ်တပ်ကလည်း တုံ့ပြန်ပါတယ်။
ညမှောင်ရီပျိုးချိန်မှာတော့ ရဲကား လမ်းထောင့်တွေမှာ နေရာယူတာမျိုး တချို့နေရာမှာ တွေ့လာရပါတယ်။
သံချပ်ကာကားတွေ ရန်ကုန်မှာ နေရာချလာခဲ့ |
BBC Burmese
No comments:
Post a Comment