ကုလလုံခြုံရေးကောင်စီမှာ မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြေညာချက်ထုတ်ဖို့ သဘောမတူနိုင်ခဲ့


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကန့်ကွက်ရှုတ်ချတဲ့ ပူးပေါင်းကြေညာချက် ထုတ်ဖို့ တောင်းဆိုတာကို တရုတ်ရဲ့ ကြားဝင်ကန့်ကွက်မှုကြောင့် သဘောမတူနိုင် ဖြစ်ခဲ့ပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စ ခရစ်စတီးနား ရှရာနာ ဘူဂနာက စစ်တပ်ရဲ့လုပ်ဆောင်မှုတွေကို ရှုတ်ချပြီး ဒီမိုကရေစီဖြစ်စဥ်ကို ထောက်ခံဖို့ တိုက်တွန်းထားခဲ့ပါတယ်။

မြန်မာ စစ်တပ်ရဲ့ အာဏာသိမ်းယူမှုနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၂ ရက်မှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပသွားမယ်လို့ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌနေရာ ရယူထားတဲ့ ဗြိတိန် နိုင်ငံက ပြောကြားထားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ကုလလုံခြုံရေးကောင်စီမှာ မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြေညာချက်ထုတ်ဖို့ သဘောမတူနိုင်ခဲ့ ကုလလုံခြုံရေးကောင်စီမှာ မြန်မာစစ်အာဏာသိမ်းမှုကို ရှုတ်ချတဲ့ ကြေညာချက်ထုတ်ဖို့ သဘောမတူနိုင်ခဲ့ Reviewed by THITHTOOLWIN on 07:41 Rating: 5

No comments:

Powered by Blogger.