စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့တွေ့ဆုံ

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့တွေ့ဆုံ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ရောက်ရှိနေတဲ့ ဦးဝဏ္ဏမောင်လွင်ဟာ ဒီကနေ့မှာပဲ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai ဒွန်ပရာမုဝီနိုင်း၊ ဝန်ကြီးချုပ် ပရာယွတ်ကျန်အိုးချားတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒါဟာ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက်ပိုင်း စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးက နိုင်ငံရပ်ခြားခေါင်းဆောင်တွေနဲ့ ပထမဆုံး လာရောက်တွေ့ဆုံတာဖြစ်ပါတယ်။

ဦးဝဏ္ဏမောင်လွင်ဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ထိုင်းမှာ ရောက်ရှိနေတဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရက်တနိုမာဆုဒီနဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြီးတန်းအရာရှိတစ်ဦးက ပြောပါတယ်။

သူတို့ဆွေးနွေးခဲ့တဲ့ အကြောင်းအရာတွေကိုတော့ ထုတ်မပြောပါဘူး။ အင်ဒိုနီးရှားဟာ မြန်မာနိုင်ငံရဲ့အခြေအနေနဲ့ပတ်သက်လို့ ဆွေးနွေးကြဖို့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အထူးအစည်းအဝေးတစ်ရပ်အတွက် တွန်းအားပေးနေခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ဖေဖေါ်ဝါရီ ၂၅ ကြာသပတေးနေ့မှာ သွားမယ်လို့ စီစဉ်ထားကြောင်း သတင်းတွေ ထွက်လာခဲ့ပြီးမှ ဒီကနေ့မှာတော့ အဲဒီခရီးစဉ်မသွားဖြစ်တော့ပဲ ဖျက်လိုက်ကြောင်း အင်ဒိုနီးရှားဘက်က ပြောခဲ့ပါတယ်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ကျန်အိုးချားက ဦးဝဏ္ဏေမောင်လွင်နဲ့ တွေ့ဆုံခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေရဲ့ အမေးကို ဖြေရာမှာတော့ အခုတွေ့ဆုံပွဲဟာ အလွတ်သဘောတွေ့ကြတာဖြစ်တယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနချင်းစီစဉ်တာဖြစ်တယ်။ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အတွက် တစ်ယောက်ပြောတာကို တစ်ယောက်က နားထောင်ရမယ်။ အာဆီယံအဖွဲ့ဝင် နိုင်ငံအချင်းချင်း စိတ်ဓာတ်ရေးရာအရအားပေးဖို့ဖြစ်တယ်။ ပူးပေါင်းဆောင်ရွက်ကြဖို့ဖြစ်တယ်။ အားလုံးချောချောမွေ့မွေ့ဖြစ်စေဖို့ တိုက်တွန်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ ပြောသွားပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့တွေ့ဆုံ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ထိုင်းဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးတို့နဲ့တွေ့ဆုံ Reviewed by THITHTOOLWIN on 20:34 Rating: 5

No comments:

Powered by Blogger.