ဆန္ဒပြသူတွေကို တပ်က သတိပေးစာ ထုတ်ပြန်


ဒီမိုကရေစီ ကျင့်စဉ်အရ လူတိုင်းလွတ်လပ်စွာ နေခွင့်၊ ပြောခွင့် နဲ့ လုပ်ကိုင်ခွင့် ရှိပေမယ့် တပါးသူတွေ အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ အလုပ်တွေ မလုပ်သင့်ဘူးဆိုတဲ့ မေတ္တာရပ်ခံစာ တစ်စောင်ကို စစ်တပ်က ထုတ်ပြန်ပါတယ်။

အခုအခါမှာ အကြောင်းအမျိုးမျိုးပြပြီး တခြားလူတွေကို အုပ်စုဖွဲ့ အတင်းအကြပ်လုပ်စေခြင်း၊ ခြိမ်းခြောက်ခြင်း စတဲ့ ဥပဒေ ချိုးဖောက်မှုတွေရှိလာပြီလို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီလို နှောင့်ယှက် တားဆီးဖျက်ဆီး ကျူးလွန်မှုတွေကို ဥပဒေ အရ ထိထိရောက်ရောက် အရေးယူသွားမယ်လို့လည်း သတိပေးထုတ်ပြန်ခဲ့ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ဆန္ဒပြသူတွေကို တပ်က သတိပေးစာ ထုတ်ပြန်  ဆန္ဒပြသူတွေကို တပ်က သတိပေးစာ ထုတ်ပြန် Reviewed by THITHTOOLWIN on 17:28 Rating: 5

No comments:

Powered by Blogger.