ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်ခေါင်းဆောင် ခြောက်ဦးကို ယူကေ ပိတ်ဆို့အရေးယူ

 ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်ခေါင်းဆောင် ခြောက်ဦးကို ယူကေ ပိတ်ဆို့အရေးယူ

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ လုပ်တဲ့အနေနဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်တပ် ခေါင်းဆောင် ခြောက်ဦးကို ပိတ်ဆို့အရေးယူလိုက်တယ်လို့ ယူကေက ဒီကနေ့ ကြေညာပါတယ်။

ယူကေ နိုင်ငံခြားရေး ဝန်ကြီး ဒေါမနစ် ရပ်ဘ်က အခု အရေးယူမှုဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေမှာ တာဝန်ရှိတဲ့သူတွေ တာဝန်ယူရမယ်ဆိုတာ စစ်အစိုးရကို ရှင်းရှင်းလင်းလင်း ပြောကြားလိုက်တာ ဖြစ်ကြောင်းနဲ့ လူထုက ရွေးချယ်ထားတဲ့ အစိုးရဆီကို အာဏာ ပြန်လွှဲပေးရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

အခုခြောက်ဦးကို အရင်က ပိတ်ဆို့ထားတဲ့ ၁၉ ဦးစာရင်းထဲကို ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။

အခု ပိတ်ဆို့အရေးယူသူတွေဟာ စစ်ကောင်စီဝင်တွေ ဖြစ်တဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေး၊ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း တို့ပါဝင်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ပြည်ထဲရေး ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နဲ့ ဒုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သန်းလှိုင်တို့ကို ယူကေက ပိတ်ဆို့ အရေးယူခဲ့ပါတယ်။

အဲဒီပိတ်ဆို့ အရေးယူမှုဟာ ယူကေကို ခရီးသွားလာမှု တားမြစ်တာနဲ့ စီးပွားရေး လုပ်ဆောင်မှုတွေ တားမြစ်တာတွေ ပါဝင်ပါတယ်။

အခုလို ပိတ်ပင်မှုနဲ့အတူ စစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ ကုန်သွယ်ရေး မလုပ်ကိုင်ဖို့လည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ယူကေက ပေးနေတဲ့ အကူအညီတွေကို စစ်ကောင်စီအစိုးရဆီ တစ်ဆင့်ခံရောက်ရှိသွားတာမျိုးတွေကို တားမြစ်ပြီး မြန်မာနိုင်ငံက အဆင်းရဲနွမ်းပါးဆုံးသူတွေနဲ့ အထိခိုက်လွယ်ကူဆုံးသူတွေဆီ ရောက်ရှိရေး ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်ခေါင်းဆောင် ခြောက်ဦးကို ယူကေ ပိတ်ဆို့အရေးယူ  ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် တပ်ခေါင်းဆောင် ခြောက်ဦးကို ယူကေ ပိတ်ဆို့အရေးယူ Reviewed by THITHTOOLWIN on 21:36 Rating: 5

No comments:

Powered by Blogger.