မြန်မာပြည်တွင်းမှာ ဖေ့စ်ဘွတ်ခ်သုံးဖို့ခက်


မြန်မာနိုင်ငံတွင်းက ဖေ့စ်ဘွတ်ခ် အသုံးပြုသူတွေဟာ စစ်အာဏာသိမ်းပြီးနောက် ကြာသပတေးနေ့မှာ ဖေ့စ်ဘွတ်ခ် သုံးလို့မရတော့ဘူးလို့ ရိုက်တာ သတင်းအရ သိရပါတယ်။

ဒီအချက်အလက်နဲ့ ပတ်သက်ပြီး ဖေ့စ်ဘွတ်ခ်က ပြောခွင့်ရသူကို မေးမြန်းပေမဲ့ အခုထိ မတုံ့ပြန်သေးဘူးလို့ အဲဒီသတင်းမှာ ဖော်ပြထားပါတယ်။

မိုဘိုင်းဖုန်းဒေတာကနေ အင်တာနက် အသုံးပြုသူတချို့ ဖေ့စ်ဘွတ်ခ်သုံးလို့ မရဘဲ ဖြစ်နေပြီး ဝိုင်ဖိုင်တပ်ဆင်ထားသူတချို့ကတော့ ကြာသပတေး မနက်အစောပိုင်းအထိအသုံးပြုလို့ရတယ်လို့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူတချို့ဆီက သိရပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

မြန်မာပြည်တွင်းမှာ ဖေ့စ်ဘွတ်ခ်သုံးဖို့ခက် မြန်မာပြည်တွင်းမှာ ဖေ့စ်ဘွတ်ခ်သုံးဖို့ခက် Reviewed by THITHTOOLWIN on 03:55 Rating: 5

No comments:

Powered by Blogger.