ဒီနေ့ မနက် ပုသိမ်မြို့ မှာ ဆန္ဒပြ စစ်ကြောင်း သုံးကြောင်း ထွက်လာပါတယ်။
ဒေသခံပြည်သူလူထုရဲ့ စစ်ကြောင်းတွေနဲ့ ပုသိမ်မြို့က တက္ကသိုလ်ပေါင်းစုံ က စစ်ကြောင်းတွေ ဖြစ်ပါတယ်။
စစ်ကြောင်း သုံးကြောင်းဟာ ပုသိမ်မြို့ တက်ဆိပ်တံတား အနီးမှာ ပေါင်းမိသွားပြီးတော့ ဆန္ဒပြပွဲကို လူဦးရေ နှစ်သိန်းခွဲဝန်းကျင်ရှိတဲ့ ပုသိမ် တစ်မြို့လုံးနီးပါး ပါဝင်လာပြီ ဖြစ်ပါတယ်။
နေ့လယ်ပိုင်းမှာတော့ ပုသိမ်ရေတပ်စခန်း ရှေ့လမ်းနဲ့ ရဲ လုံခြုံရေး အများအပြား ချထားတဲ့ ပုသိမ် မြို့တော်ခန်းမရှေ့ကနေ စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားသူတွေ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
RFA Burmese
ပုသိမ်မြို့ မှာ ဆန္ဒပြ စစ်ကြောင်း သုံးကြောင်
Reviewed by THITHTOOLWIN
on
14:57
Rating:
No comments:
Post a Comment