၂ ငါးလုံးနေ့ တရုတ်သံရုံးရှိတဲ့လမ်းကို ပိတ်ထားပေမယ့် ဆန္ဒဆက်ပြနေကြ


တရုတ်သံရုံးတည်ရှိရာ ပြည်ထောင်စုရိပ်သာလမ်းကို လုံခြုံရေးတွေက ဒီကနေ့မှာပထမဆုံးအကြိမ်ပိတ်ဆို့ခဲ့ပါတယ်။ ဒါပေမဲ့ ဆန္ဒပြသူတွေက တဖြည်းဖြည်းများပြားလာပြီး ဗဟိုလမ်းနဲ့ ခရေပင်လမ်းဘက်ကနေ ဆန္ဒဖော်ထုတ်နေကြတာဖြစ်ပါတယ်။

ဒီနေ့ဟာ ၂ ငါးလုံးဆုံတဲ့နေ့ ပြိုင်တူစုရုံး ၂ ငါးလုံးဆိုပြီး အထွေထွေသပိတ်စတင်ဖို့ ဆိုင်တွေဈေးတွေအများစုပိတ်ထားသလို လူထုဆန္ဒပြမှုကို အရှိန်မြှင့်တင်ကြဖို့ ရှိနေပါတယ်။

ဒါကြောင့် ရဲနဲ့ စစ်တပ်က ယခင်နေ့တွေကထက် လုံခြုံရေးပိုတိုးမြှင့်ချထားသလို သံရုံတချို့အပါအဝင် လမ်းတွေကို ပိတ်ဆို့ပြီးလုံခြုံရေးရယူထားတာတွေလည်း ရှိနေပါတယ်။



BBC Burmese

https://www.bbc.com/burmese/live/burma-56140135

၂ ငါးလုံးနေ့ တရုတ်သံရုံးရှိတဲ့လမ်းကို ပိတ်ထားပေမယ့် ဆန္ဒဆက်ပြနေကြ ၂ ငါးလုံးနေ့ တရုတ်သံရုံးရှိတဲ့လမ်းကို ပိတ်ထားပေမယ့် ဆန္ဒဆက်ပြနေကြ Reviewed by THITHTOOLWIN on 10:23 Rating: 5

No comments:

Powered by Blogger.