အာဏာသိမ်းအစိုးရအားဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်ပွဲကို ဖေဖော်ဝါရီလ ၈ ရက်နေ့(ဒုတိယမြောက်နေ့)မှာ မြိတ်ခရိုင်တွင်းက ပြည်သူသိန်းချီ စီတန်းလှည့်လှယ် ဆန္ဒထုတ်ဖော် ခဲ့ကြောင်းသိရပါတယ်။
မြိတ်ခရိုင်တွင်းရှိ မြိတ်မြို့နယ်၊တနင်္သာရီမြို့နယ်၊ ပုလောမြို့နယ် နှင့် ကျွန်းစုမြို့နယ် တို့က ပြည်သူတွေ မိမိမြို့နယ်အလိုက် ဆန္ဒထုတ်ဖော်ကြတာပါ ။
ဆန္ဒထုတ်ဖော်ပွဲမှာ စစ်အာဏာရှင်အလိုမရှိ ၊ နိုင်ငံခေါင်းဆောင်နှင့် ထိန်းသိမ်းခံထားရသူများ အမြန်ဆုံးပြန်လည်လွတ်ပေးရေး ၊ အမေစုကျန်းမာပါစေ ၊ တို့ပြည်သူတွေညီတယ်ဟေ့ လို့ ကြွေးကြော်ပြီး ငြိမ်းချမ်းစွာစီတန်းလှည့်လှယ် ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရပါတယ်။
မြတ်ထွဋ် (မြိတ်)
မြိတ်ခရိုင်တွင်းမှာ အာဏာသိမ်းအစိုးရအားဆန့်ကျင်တဲ့ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်
Reviewed by THITHTOOLWIN
on
17:07
Rating:
No comments:
Post a Comment