ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို နယူးယောက်ကမြန်မာတွေ ကြိုဆိုနှုတ်ဆက်


ဖေဖော်ဝါရီ ၂၆ရက်မှာ ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံ အလွတ်သဘော အစည်းအဝေးမှာ မြန်မာနိုင်ငံက စေလွှတ်ထားတဲ့ ကိုယ်စားလှယ် ဦးကျော်မိုးထွန်းက စစ်ကောင်စီကို ကိုယ်စားမပြုဘဲ လူထုက ရွေးကောက်ထားတဲ့ NLD အစိုးရနဲ့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားပြုကော်မတီ CRPH ကို ကိုယ်စားပြုပြီး CRPH ရဲ့ သဘောထားကို ဖတ်ကြားခဲ့ပါတယ်။

အဲဒီအစည်းအဝေးထဲကနေ ပြန်လည်ထွက်ခွာလာတဲ့ ဦးကျော်မိုးထွန်းကို နယူးယောက်က ကုလရုံးအပြင်ဘက်မှာ မြန်မာတွေက လာရောက် ကြိုဆိုဂုဏ်ပြုနှုတ်ဆက်နေကြတာဖြစ်ပါတယ်။







ဓာတ်ပုံ-Ko Latt

BBC Burmese

https://www.facebook.com/BBCnewsBurmese/posts/3892132640842592

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို နယူးယောက်ကမြန်မာတွေ ကြိုဆိုနှုတ်ဆက် ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းကို နယူးယောက်ကမြန်မာတွေ ကြိုဆိုနှုတ်ဆက် Reviewed by THITHTOOLWIN on 00:55 Rating: 5

No comments:

Powered by Blogger.