ဆန္ဒပြမှုကြောင့် အဖမ်းခံရသူတွေ လွှတ်ပေးဖို့တောင်းဆို |
လွိုင်ကော် ဆန္ဒပြမှုကြောင့် အဖမ်းခံရသူတွေ လွှတ်ပေးဖို့တောင်းဆိုImage caption: လွိုင်ကော် ဆန္ဒပြမှုကြောင့် အဖမ်းခံရသူတွေ လွှတ်ပေးဖို့တောင်းဆို
ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ဆန္ဒပြမှုကြောင့်အဖမ်းခံရတဲ့သူ (၇)ဦးကို လွိုင်ကော် အကျဉ်းထောင်ကနေ အာဏာပိုင်များ ပြန်လွှတ်ပေးလိုက်ပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကျောင်းဆရာမနဲ့ အရပ်သားစုစုပေါင်း ၇ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တာဖြစ်ပြီး လွိင်ကော် အကျဥ်းထောင်ကရှေ့မှာ သူတို့ကိုလွှတ်ပေးဖို့လူတွေထောင်နဲ့ချီပြီး လာရောက်တောင်းဆိုခဲ့ကြပါတယ်။
ကယန်းပြည်သစ်ပါတီ(KNLP)/ ကယန်းပြည်သစ်တပ်မတော် (KNLA) က ဖမ်းထားသူတွေ ပြန်လွှတ်ပေးဖို့ အာဏာပိုင်တွေနဲ့ ဝင်ပြီးညှိနိုင်းပေးခဲ့တယ်လို့ လည်း ကယားပြည်နယ် စစ်အာဏာသိမ်းဆန့်ကျင်ရေး သပိတ်ကော်မတီက ပြောပါတယ်။
သိမ်းဆည်းခံရတဲ့ ကားနှစ်စီး နဲ့ အသံချဲ့စက်ပစ္စည်းတွေကိုလည်း ပြန်လည် ရရှိခဲ့ပြီးဖြစ်တယ်လို့ သပိတ်ကော်မတီကနေ သိရပါတယ်။
BBC Burmese
No comments:
Post a Comment