မန္တလေး ဧရာဝတီစင်တာမှာ ကိုဗစ်လူနာသစ်လက်မခံနိုင်တော့

မန္တလေး ဧရာဝတီကုသရေးစင်တာမှာ အနံ့မရလူနာတွေ စစ်ဆေးပေးဖို့ ဆရာဝန်မရှိလို့ လူနာသစ် ထပ်မံလက်ခံ ပို့ပေးလို့ မရဘူးလို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆေးရေးအသင်းဥက္ကဋ္ဌက ပြောပါတယ်။

အနံ့မရလူနာတွေကို သီးသန့်ကုသ စစ်ဆေးပေးတာ မန္တလေးဆေးရုံကြီးနဲ့ ဧရာဝတီကုသရေးစင်တာသာ ရှိပါတယ်။

လက်ရှိမှာ မန္တလေးမြို့က ဖျားနာကုသရေး ဒေသန္တရ ဆေးခန်းတချို့တွေကိုလဲ ပိတ်သိမ်းလိုက်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေနေတွေကို လက်မခံလို့ ဆရာဝန်တွေက ဆက်လက်တာဝန်မထမ်းဆောင်နိုင်လို့ ပိတ်သိမ်းလိုက်တာဖြစ်ပါတယ်။

ပရဟိတအသင်းတချို့ လုပ်ငန်းတွေ၊ ပရဟိတလုပ်ဆောင်သူအများစုကလဲ အခုအစိုးရလက်အောက်မှာ လက်တွဲ လုပ်ကိုင်ဖို့ စိတ်ဆန္ဒမရှိတာကြောင့် ရပ်ဆိုင်းဖို့ အထိ လုပ်ဆောင်သွားဖို့ ရှိတယ်လို့ ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

မန္တလေး ဧရာဝတီစင်တာမှာ ကိုဗစ်လူနာသစ်လက်မခံနိုင်တော့ မန္တလေး ဧရာဝတီစင်တာမှာ ကိုဗစ်လူနာသစ်လက်မခံနိုင်တော့ Reviewed by THITHTOOLWIN on 09:13 Rating: 5

No comments:

Powered by Blogger.