တစ်ရက်ကို လူ အယောက် ၂၀၀၊ တစ်ယောက်ကို သိန်း ၅၀ သာ အများဆုံးထုတ်နိုင် |
မြန်မာစစ်တပ်ပိုင် စီးပွားရေး လုပ်ငန်းတွေနဲ့ ဆက်ဆံ ပတ်သက်မှုတွေ ဆက်ရှိနေလို့ ဆိုပြီး စောင့်ကြည့်သူတွေ ၀ေဖန်ကြတဲ့ နိုင်ငံတကာ ကုမ္ပဏီတွေထဲ အိန္ဒိယ အခြေစိုက် နည်းပညာ ကုမ္ပဏီ Infosys လည်း ပါ၀င်လာပါတယ်။
Information System ရဲ့ အတိုကောက် Infosys အင်ဖိုစစ် လို့ နာမည်ပေးထားတဲ့ ကုမ္ပဏီဟာ အိန္ဒိယနိုင်ငံ၊ ကာနားတက္ကားပြည်နယ်မြို့တော် ဘန်ဂလောမှာ အခြေစိုက်တာ ဖြစ်ပါတယ်။
မြန်မာစစ်တပ်ပိုင် မြ၀တီဘဏ်နဲ့ အလုပ်လုပ်လို့ ဆိုပြီး Infosys ပြစ်တင်ရှုတ်ချ ခံနေရတဲ့ အချက်ဟာ ယူကေနိုင်ငံထဲမှာလည်း အတော်လေး စိတ်၀င်စား ခံရပါတယ်။
အကြောင်းကတော့ Infosys ကို ၁၉၈၁ မှာ ထူထောင်ခဲ့တဲ့ ဘီလျံနာသူဌေး နာရာယနာ မူရ်သီ ဟာ ယူကေရဲ့ လက်ရှိ ဘဏ္ဍာရေး၀န်ကြီး ရီရှီဆွန်းနက်ခ်ရဲ့ ယောက္ခမ ဖြစ်နေလို့ပါ။
စစ်အာဏာသိမ်းမှု မတိုင်ခင် ပြီးခဲ့တဲ့ နှစ်တွေ ကတည်းက မြန်မာ စစ်တပ် အပေါ် စစ်ရာဇ၀တ်မှု၊ လူမျိုးတုန်း သတ်ဖြတ်မှု နိုင်ငံတကာ စွဲချက်တွေ ရှိနေခဲ့ပြီး၊ စစ်တပ်ပိုင် လုပ်ငန်းတွေနဲ့ မပတ်သက်ဖို့ နှိုးဆော်နေကြတာ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းကို ကြည့်ရင်လည်း စစ်တပ်ပိုင် မြ၀တီဘဏ်တွေမှာ အပ်ထားတဲ့ စုငွေတွေကို ပြန်ထုတ်ယူနေကြတာ များလွန်းလာတဲ့ အတွက် တစ်ရက်ကို လူ အယောက် ၂၀၀၊ တစ်ယောက်ကို သိန်း ၅၀ အများဆုံး ဆိုပြီး ကန့်သတ်ထားပါတယ်။
BBC Burmese
No comments:
Post a Comment