အာဏာသိမ်းစစ်ကောင်စီရဲ့ ဝက်ဘ်ဆိုက်တွေ ဟက်ကာတွေ တိုက်ခိုက်


မြန်မာ့တပ်မတော်ရဲ့ သတင်းတွေကို ထုတ်ပြန်ပေးနေတဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ နဲ့ မြန်မာနိုင်ငံဗဟိုဘဏ် အပါအဝင် အာဏာသိမ်းစစ်ကောင်စီရဲ့ အင်တာနက်ဝက်ဘ်ဆိုက် တချို့ကို မနေ့က အင်တာနက်ဖောက်ထွင်းဝင်ရောက်တဲ့ Hackers တွေက တိုက်ခိုက်ခဲ့ပါတယ်။ 

မြန်မာ Hackers က ဒီကိစ္စကို သူတို့လုပ်ခဲ့တာလို့ ထုတ်ဖော်ပြောဆိုပါတယ်။ မိမိတို့ရဲ့ ရည်မှန်းချက်က စစ်အစိုးရကို ဖယ်ရှားရေးဖြစ်တယ်။ စစ်အုပ်စုအတွက် အရေးပါတဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ ရုံးဌာနတွေကို အွန်လိုင်းကနေ အမြစ်ဖြတ်ချေမှုန်းမှာ ဖြစ်တယ်လို့ အွန်လိုင်းကနေ ပြောဆိုပါတယ်။ 

မြဝတီရုပ်မြင်သံကြား၊ MRTV ကုန်သွယ်ရေးဌာန ၊ အကောက်ခွန်ဌာန စတာတွေကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ 


RFA Burmese

https://www.facebook.com/rfaburmese

အာဏာသိမ်းစစ်ကောင်စီရဲ့ ဝက်ဘ်ဆိုက်တွေ ဟက်ကာတွေ တိုက်ခိုက် အာဏာသိမ်းစစ်ကောင်စီရဲ့ ဝက်ဘ်ဆိုက်တွေ ဟက်ကာတွေ တိုက်ခိုက် Reviewed by THITHTOOLWIN on 01:08 Rating: 5

No comments:

Powered by Blogger.