ပုပ်ရဟန်းမင်းကြီး ဖရန်စစ် |
ခရစ်ယာန် ဘုန်းတော်ကြီး ပုပ်ရဟန်းမင်းကြီး ဖရန်စစ် က ဖေဖော်ဝါရီလ ၇ ရက် တနင်္ဂနွေနေ့ မှာ ဟောကြားတဲ့ သူ့ရဲ့ တရားဒေဿနာထဲမှာ မြန်မာနိုင်ငံက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြ မြန်မာပြည်သူ ပြည်သားတွေနဲ့ တသားတည်းရှိနေကြောင်း ထည့်သွင်း ပြောဆိုသွားခဲ့ပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေ အနေနဲ့လည်း ဘုံ ကောင်းမွန်မှု ရအောင် လုပ်ကိုင်ပေးဖို့နဲ့ တည်ငြိမ်အေးချမ်းစေပြီး ဒီမိုကရေစီ နည်းကျ လိုက်လျောညီထွေ နေနိုင်အောင် ကြိုးစားဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။
ဗာတီကန်မြို့က စိန့်ပီတာရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီးက အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး သူ ၂၀၁၇ ခုနှစ်က သွားရောက် လည်ပတ်ပြီးချိန်ကစလို့ သူ့နှလုံးသားထဲမှာ စွဲကျန်နေစေတဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေတွေကို စိုးရိမ်မှုတွေနဲ့ စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။
BBC Burmese
ပုပ်ရဟန်းမင်းကြီးက မြန်မာပြည်သူတွေနဲ့ တသားတည်းရှိတယ်လို့ ပြော
Reviewed by THITHTOOLWIN
on
23:34
Rating:
No comments:
Post a Comment