ဒေါက်တာဇော်မြင့်မောင်ရဲ့ မိသားစုဝင်ငါးဦး ပြန်လွတ်လာ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်နဲ့ ဇနီးဖြစ်သူ ဒေါက်တာဒေါ်ယုယုမေ။
Photo: Zaw Myint Maung/Facebook |
ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ရဲ့ မိသားစုဝင်တွေကို ဖေဖော်ဝါရီလ ၂၄ ရက် ဒီကနေ့ညပိုင်းမှာ စစ်တပ်က ပြန်လွှတ်ပေးလိုက်တယ်လို့ NLD ပါတီ ပြန်ကြားရေးတာဝန်ခံက RFA ကို အတည်ပြုပြောပါတယ်။
ဇနီးဖြစ်သူ ဒေါက်တာဒေါ်ယုယုမေအပါအဝင် သမီးဖြစ်သူ၊ သမက်ဖြစ်သူနဲ့ မြေးဖြစ်သူ နှစ်ဦး၊ စုစုပေါင်း ၅ ဦးကို ပြန်လွှတ်ပေးခဲ့တာပါ။
စစ်တပ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညပိုင်းမှာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နဲ့ အတူနေတဲ့ မိသားစုဝင်တွေအားလုံးကို နေအိမ်မှာ လာဖမ်းသွားတာပါ။
သူတို့တွေကို စစ်တပ်က စီစဉ်ပေးထားတဲ့ အိမ်ရာမှာ နေအိမ်အကျယ်ချုပ်နဲ့ ဖမ်းဆီးထားပြီးနောက် ၂၄ ရက်မြောက်နေ့ ဒီကနေ့မှာ အိမ်ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
ဒေါက်တာဇော်မြင့်မောင်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(က)နဲ့ မန္တလေး အိုးဘိုထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်ပါတယ်။
RFA Burmese
https://www.rfa.org/burmese/news/mandalay-minister-detained-family-members-02242021105724.html
No comments:
Post a Comment