မြန်မာရွေးကောက်ပွဲသစ် ထောက်ခံခြင်းမဟုတ် အင်ဒိုပြန်ရှင်း

အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi။ (ဓာတ်ပုံ - Indonesian Ministry of Foreign Affairs)

မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအသစ် လုပ်မယ့်ကိစ္စ အင်ဒိုနီးရှားနိုင်ငံက ထောက်ခံတယ်ဆိုတာ မဟုတ်ပါဘူးလို့ ဒီကနေ့မှာပဲ ငြင်းလိုက်ပါတယ်။

ရိုက်တာသတင်းမှာ ရေးထားတာ မမှန်ဘူးလို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဌာန ပြောခွင့်ရ Teuku Faizasyah ကပြောပါတယ်။ "ရွေးကောက်ပွဲ ပြန်လုပ်မယ့်အစီအစဉ်ကို အင်ဒိုနီးရှားနိုင်ငံအနေနဲ့ မထောက်ခံပါဘူး။" လို့ ရန်ကုန်မြို့၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသံရုံးအပြင်ဘက်မှာ စုဝေးဆန္ဒပြနေသူတွေကို သံရုံးပြောခွင့်ရတစ်ဦးက ကိုယ်တိုင်ထွက်ပြောခဲ့တာပါ။

သံရုံးပြောခွင့်ရက အဲဒီလိုပြောဆိုပြီးချိန်မှာ ဝိုင်းပြီးနားထောင်နေတဲ့ ဆန္ဒပြသူတွေက အားရဝမ်းသာ လက်ခုပ်တီး အားပေးခဲ့ကြပြီး ကျေးဇူးတင်စကား ပြန်ပြောကြပါတယ်။

အာဏာသိမ်း စစ်ကောင်စီက ရွေးကောက်ပွဲအသစ်တွေ ကျင်းပမယ်လို့ ကတိပေးထားတဲ့အတိုင်း တည်အောင်လုပ်ဖို့ အစီအစဉ်တစ်ရပ်ကို အင်ဒိုနီးရှားအစိုးရက အဆိုပြုထားတယ်လို့ သတင်းရင်းမြစ် သုံးခုထက်မနည်းကို ကိုးကားပြီး ရိုက်တာသတင်းဌာနက အစောပိုင်းမှာ ရေးခဲ့တာပါ။

Chinese foreign ministry spokesman, Wang Wenbin, speaks during a routine press conference where he congratulated U.S. president-elect Joe Biden at the foreign ministry in Beijing on Friday, Nov. 13, 2020. China on Friday became one of the last major…

အဲဒီသတင်း ထွက်လာပြီးတဲ့နောက် ရန်ကုန်မြို့က အင်ဒိုနီးရှားသံရုံးရှေ့မှာ ဒီကနေ့ ဆန္ဒပြသူတွေစုဝေးပြီး အင်ဒိုနီးရှားနိုင်ငံကို ကန့်ကွက် ဆန္ဒပြခဲ့ကြပြီးတဲ့နောက် အင်ဒိုနီးရှားနိုင်ငံဘက်က အခုလို တုံ့ပြန်ပြောဆိုတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အင်ဒိုနီးရှားသံရုံးအပြင်ဘက်မှာလည်း ဒီကနေ့ လူရာပေါင်းများစွာစုဝေးပြီး အင်ဒိုနီးရှားနိုင်ငံကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါသေးတယ်။

မြန်မာ့အရေးနဲ့ပတ်သက်ပြီး အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ (ASEAN) အနေနဲ့ အထူးအစည်းအဝေးတရပ် ခေါ်ယူကျင်းပဖို့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi က တွန်းအားပေးနေပါတယ်။

ဝန်ကြီး Marsudi ဟာ အာဆီယံ လက်ရှိအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်းနိုင်ငံရဲ့ စော်ဘွား၊ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးတို့နဲ့ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း သီးခြားစီ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီလိုအစည်းအဝေးမျိုးခေါ်ယူဖို့ ထောက်ခဲ့တဲ့အကြောင်း စင်္ကာပူနဲ့ မလေးရှားနိုင်ငံတွေက ပြောထားကြပါတယ်။

အာဆီယံအဖွဲ့ဟာ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဘူးဆိုတဲ့မူကို ကိုင်စွဲထားသလို ကိစ္စရပ်တစ်ခုအပေါ် အဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ သဘောတူညီချက်ရမှ ကိုင်တွယ်လုပ်ဆောင်တဲ့မူလည်း ရှိထားတာမို့ မြန်မာ့အရေး အထူးအစည်းအဝေး ခေါ်ယူဖို့ကိစ္စ တကယ်တမ်းဖြစ်လာဖို့ကတော့ မရေရာလှပါဘူး။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/indonesia-denies-shifted-stance-on-myanmar-to-back-new-elections/5789257.html

မြန်မာရွေးကောက်ပွဲသစ် ထောက်ခံခြင်းမဟုတ် အင်ဒိုပြန်ရှင်း မြန်မာရွေးကောက်ပွဲသစ် ထောက်ခံခြင်းမဟုတ် အင်ဒိုပြန်ရှင်း Reviewed by THITHTOOLWIN on 21:47 Rating: 5

No comments:

Powered by Blogger.