စစ်ကောင်စီရဲ့ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချ ခံရသူပေါင်း အယောက် ၅၀၀ နီးပါးရှိ

နေပြည်တော်မှာ အင်အားသုံးဖြိုခွဲမှု ဆက်တိုက်လုပ်နေ


ဒီထဲမှာ ပြန်လွတ်လာတဲ့သူ ၃၅ ယောက် ရှိတယ်လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကောင်စီဟာ CDM ၀န်ထမ်း သပိတ်ထဲ ပါ၀င်တဲ့သူ၊ ဦးဆောင်သူ ဆော်ဩသူလို့ သူတို့ယူဆတဲ့သူတွေကို ပစ်မှတ်ထား နေပါတယ်။


အင်အားသုံး ပစ်ခတ်ဖြိုခွဲတာတွေကို နေပြည်တော်၊ မန္တလေး၊ မော်လမြိုင်၊ မြောင်းမြ စတဲ့ နေရာတွေမှာ အာဏာသိမ်း စစ်တပ်က ခုရက်ပိုင်းတွေ အတွင်း ဆက်တိုက် လုပ်ဆောင်လာပါတယ်။

ရန်ကုန်မှာတော့ သိန်းပေါင်းများစွာ ပါ၀င်တဲ့ ဆန္ဒပြ လူပင်လယ်ကြီး မြို့တခွင်လွှမ်းသွားတာကို တွေ့မြင်ခဲ့ရပြီး၊ စစ်ကောင်စီရဲ့ ခြိမ်းခြောက်မှုတွေ ကြားကပဲ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု နောက်တွန့်မသွားပဲ အကြီးမားဆုံး အင်အားနဲ့ လမ်းတွေပေါ် ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ရန်ကုန်လမ်းမတွေရဲ့ အချက်အခြာ နေရာတွေမှာ ကားတွေ စက်ပျက်တယ် ဆိုပြီး ထိုးရပ်ကာ၊ စက်ဖုံးဖွင့်ရင်း၊ လမ်းတွေပိတ်ဆို့ထားတဲ့ လှုပ်ရှားမှုဟာ ကမ္ဘာ့ မီဒီယာတွေထက် ပျံ့နှံ့သွားပါတယ်။

စစ်ကောင်စီကတော့ သူတို့ရဲ့ တရား၀င် အသိအမှတ် အပြုမခံရတဲ့ ဖေ့စ်ဘုတ်စာမျက်နှာ ထက်မှာ ယာဥ်ပိတ်ဆို့မှုကြောင့် ကျန်းမာရေး၊ လူမှုရေး ဆိုင်ရာ အခက်အခဲတွေ ဖြစ်စေလို့ အများပြည်သူ မကျေမနပ်တွေ ဖြစ်ကြတယ်လို့ ရေးသားပါတယ်။

မြို့ရဲ့ လမ်းမတွေထက် စစ်အာဏာရှင် ဆန့်ကျင်ရေး လူပင်လယ်ကြီး လွှမ်းမိုးသွားခဲ့တာကိုတော့ နှုတ်ဆိတ်နေတာ တွေ့ရပါတယ်။

အခုချိန်ထိတော့ အာဏာသိမ်း စစ်ခေါင်းစီဟာ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာရဲ့ တောင်းဆိုမှု ဖြစ်တဲ့ ဖမ်းထားတဲ့ တရား၀င် အစိုးရ ခေါင်းဆောင်တွေ ပြန်လွှတ်ပေးရေးကိုလည်း လျစ်လျုရှုထားပါတယ်။


လူပင်လယ်ဆန္ဒပြပွဲကို စစ်ကောင်စီ လျစ်လျုရှု



စစ်ကောင်စီရဲ့ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချ ခံရသူပေါင်း အယောက် ၅၀၀ နီးပါးရှိ  စစ်ကောင်စီရဲ့ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချ ခံရသူပေါင်း အယောက် ၅၀၀ နီးပါးရှိ Reviewed by THITHTOOLWIN on 07:49 Rating: 5

No comments:

Powered by Blogger.