ပခုက္ကူသပိတ်ဖြိုခွင်းမှု အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ ဆယ်ဦးထက်မနည်းရှိ


မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ အာဇာနည်လမ်းနဲ့ဗိုလ်ချုပ်လမ်းထောင့်မှာ စစ်တပ်ကလုံခြုံရေးယူပြီး မနက်၉နာရီခန့်က မြို့နယ်အတွင်းငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို စတင်ဖြိုခွဲခဲ့ပါတယ်။ 

အဲဒီလိုဖြိုခွင်းရာမှာ အမျိုးသမီးတစ်ဦးသေနတ်ထိမှန်ဒဏ်ရာရရှိခဲ့သလို ကျန်အမျိုးသမီးတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ သေနတ်မှန်တဲ့အမျိုးသမီးနဲ့ တခြား ဆန္ဒပြကြသူတွေထဲက ၁၃ဦးလောက်ကို ပခုက္ကူမြို့အနီးက တပ်ရင်း၂၅၉ အတွင်းခေါ်ဆောင်သွားခဲ့တယ်လို့သိရပါတယ်။

 မျက်မြင်သက်သေတစ်ဦးရဲ့ပြောဆိုချက်အရဆိုရင်သူရှေ့နားတင် ဆန္ဒပြသူ ၆ ဦးကို စစ်တပ်ကဖမ်းသွားခဲ့တယ်လို့ပြောပါတယ်။




BBC Burmese

https://www.bbc.com/burmese/live/burma-56140135

ပခုက္ကူသပိတ်ဖြိုခွင်းမှု အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ ဆယ်ဦးထက်မနည်းရှိ  ပခုက္ကူသပိတ်ဖြိုခွင်းမှု အမျိုးသမီးတစ်ဦး သေနတ်ဒဏ်ရာရ၊ ဖမ်းဆီးခံရသူ ဆယ်ဦးထက်မနည်းရှိ Reviewed by THITHTOOLWIN on 19:14 Rating: 5

No comments:

Powered by Blogger.