ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးတွေမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး လူအများဆန္ဒပြနေ


စစ်အာဏာသိမ်း ခြောက်ရက်မြောက်နေ့ ဒီကနေ့ ရန်ကုန်မြို့မှာ လမ်းမပေါ်ထွက် စတင်ဆန္ဒပြကြတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

လက်ရှိ တစ်နိုင်ငံလုံး အနှံက မြို့ကြီးတော်တော်များများမှာ ဆန္ဒပြနေကြပါတယ်။

RFA က နောက်ဆုံးရရှိတဲ့ သတင်းတွေအရ မန္တလေးမြို့ လမ်း (၈၀) မှာ လူတစ်သောင်းနီးပါး ဆန္ဒပြနေကြပါတယ်။

ရန်ကုန်မြို့ ဆူးလေဘုရားတဝိုက်မှာလည်း လူအင်အားတထောင်ကျော်လောက် ဆန္ဒပြဖို့ စုဝေးနေပြီးတော့ ရဲလုံခြုံတွေလည်း တင်းတင်းကြပ်ကြပ်တွေ့ရပါတယ်။

လှည်းတန်း၊ စံရိပ်ငြိမ် ၂ လမ်းမှာ လူ ၂၀၀ ကျော်ဆန္ဒပြနေပြီး လုံထိန်းရဲတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့နေပါတယ်။

နေပြည်တော် ပျဉ်းမနားမှာ လူအင်အား ၅၀၀ လောက်ဆန္ဒပြနေပါတယ်။

လက်ရှိ အင်တာနက်၊ ဖုန်းလိုင်းတွေ အားလုံးကို စစ်အစိုးရကပိတ်ထားတဲ့အတွက် ဆက်သွယ်ရေး ပြတ်တောက်နေပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စစ်အစိုးရ အာဏာပိုင်တွေက နှစ်ရက်ကြာ ပိတ်ပင်ထားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

RFA Burmese

https://www.rfa.org/burmese/news/protest-against-military-coup-myanmar-aung-san-suu-kyi-02062021064556.html



ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးတွေမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး လူအများဆန္ဒပြနေ  ရန်ကုန်၊ မန္တလေး၊ နေပြည်တော်မြို့ကြီးတွေမှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး လူအများဆန္ဒပြနေ Reviewed by THITHTOOLWIN on 20:46 Rating: 5

No comments:

Powered by Blogger.