ပြည်ထောင်စုဝန်ကြီးတွေကို အကျယ်ချုပ် ဆက်လက် ထိန်းသိမ်းထား

 လုံခြုံရေးတပ်ဖွဲ့များ နေပြည်တော်မှာ လုံခြုံရေး ယူထား

ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မနက်စောစောမှာ တပ်မတော်က နိုင်ငံတော်အာဏာ သိမ်းယူလိုက်တဲ့ အချိန်ကစလို့ နေပြည်တော်က နေအိမ်တွေမှာ ပြည်ထောင်စုဝန်ကြီးတွေကိုလည်း အကျယ်ချုပ်သဘောမျိုး ဆက်လက် ထိန်းသိမ်းထားတယ်လို့ ဘီဘီစီက ဆက်သွယ်လို့ ရတဲ့ ပြည်ထောင်စုဝန်ကြီး တစ်ဦးက ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁ ရက် မနက် မိုးလင်းတဲ့အချိန်မှာ သူ့အိမ်ရှေ့မှာ စစ်ကားနဲ့ လာပိတ်ရပ်ထားပြီး အပြင်ထွက်ခွင့်မရတော့ဘူးလို့ ပြောပြပါတယ်။

ဒီလိုအကျယ်ချူပ်ချခံထားရသူတွေထဲမှာ သိရသလောက် အစိုးရ အဖွဲ့ရုံး ဝန်ကြီးဦးမင်းသူ၊ သာသနာရေးဝန်ကြီး သူရဦးအောင်ကို၊ ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်တို့ ပါဝင်ပါတယ်။

တခြားဝန်ကြီးတွေလည်း ပါဝင်နိုင်ပေမယ့် အခြေအနေတွေကိုတော့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်တို့ကိုတော့ ပြင်ပနဲ့ ဆက်သွယ်နိုင်မယ့် တယ်လီဖုန်းတွေပါ သိမ်းဆည်းထားတယ်လို့ သိရကြောင်းလည်း ပြောပါတယ်။ နေ့စဉ် စားသောက်ရေးနဲ့ ပတ်သက်လို့တော့ အရင်ကတည်းက ကြိုတင်စုဆောင်းထားတဲ့ စားစရာတွေနဲ့ ဆက်လက် စားသောက်နေတယ်လို့ ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ပြည်ထောင်စုဝန်ကြီးတွေကို အကျယ်ချုပ် ဆက်လက် ထိန်းသိမ်းထား  ပြည်ထောင်စုဝန်ကြီးတွေကို အကျယ်ချုပ် ဆက်လက် ထိန်းသိမ်းထား Reviewed by THITHTOOLWIN on 01:49 Rating: 5

No comments:

Powered by Blogger.