ဥရောပသမဂ္ဂအနေနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူ့အခွင့်အရေး လေးစားအလေးထားတဲ့ ရဲတပ်ဖွဲ့ ဖြစ်လာစေဖို့ နိုင်ငံတကာစံနှုန်းနဲ့အတူ စွမ်းရည်မြှင့်တင်ပေး၊ သင်တန်းပေးတာတွေကို ခေတ္တ ဆိုင်းငံ့သွားမယ်လို့ ဥရောပသမဂ္ဂက ဖေဖော်ဝါရီ (၁၆) ရက်မှာ ထုတ်ပြန်ပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် အဲဒီစီမံကိန်း ဆက်လုပ်ဖို့နဲ့ ရည်မှန်းထားတဲ့ ရလဒ်ရရှိနိုင်မယ့် အခြေအနေ မရှိတော့တာကြောင့်လို့ ဆိုပါတယ်။
ဒီသင်တန်းအတွက် လက်နက်ပစ္စည်းကိရိယာတွေ ကူညီပံ့ပိုးမှု မလုပ်ခဲ့ဖူးလို့ ဥရောပသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ဒီစီမံကိန်းကို အစိုးရနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့က ဥရောပသမဂ္ဂထံ တိုက်ရိုက်တောင်းဆိုခဲ့တာဖြစ်ပြီး စီမံကိန်းကို ၂၀၁၆ ခုနှစ်မှာ စတင်ခဲ့တာလို့ ဖော်ပြထားပါတယ်။
BBC Burmese
ဥရောပသမဂ္ဂက မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြုပြင်ပြောင်းလဲရေး အကူအညီစီမံကိန်း ခေတ္တ ဆိုင်းငံ့
Reviewed by THITHTOOLWIN
on
20:00
Rating:
No comments:
Post a Comment