စစ်အာဏာသိမ်းတာကို ဆန့်ကျင် ဆန္ဒပြမှုကြောင့် မြဝတီမြို့က ဆန္ဒပြသူ အချို့အဖမ်းခံရ |
စစ်အာဏာသိမ်းမှုကို ဆန့်ကျင် ဆန္ဒပြမှုကြောင့် မြဝတီမြို့မှာ ဒီကနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့က ဆန္ဒပြသူ တချို့ အဖမ်းခံခဲ့ရအပြီး ည ၇ နာရီလောက်မှာ အားလုံးကို ခံဝန်ချက်လက်မှတ် ရေးထိုးခိုင်းပြီး ပြန်လွှတ်လိုက်တယ်လို့ မြဝတီဒေသခံတွေက ပြောပါတယ်။
အဖမ်းခံရသူ စုစုပေါင်း ၁၄ ဦးအထိ ရှိပြီး သူတို့ကို ပြန်လွှတ်ပေးဖို့ မြို့ခံတွေက စောစောပိုင်းက ရဲစခန်းမှာ သွားရောက် တောင်းဆိုခဲ့ကြပါတယ်။
အခုတော့ အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးလိုက်ပြီမို့ တောင်းဆိုသူတွေလည်း လူစုခွဲပြီး ပြန်သွားကြပြီ ဖြစ်ပါတယ်။
နောက်ဆုံး ထပ်သိရတဲ့ သတင်းတွေအရ ဘားအံကနေ ကားကြီး ၃ စီးနဲ့ ရဲဝန်ထမ်း ၉၀ ခန့် မြဝတီကိုရောက်လာတယ်လို့ သိရပါတယ်။
BBC Burmese
မြဝတီက အဖမ်းခံရသူတွေ ပြန်လွတ်လာ
Reviewed by THITHTOOLWIN
on
23:16
Rating:
No comments:
Post a Comment