အာဏာရှင်စနစ်ကို ဆက်ပြီးတော်လှန်သွားမယ်လို့ မမြသွဲ့သွဲ့ခိုင်မိသားစုတွေပြော



ဖေဖော်ဝါရီလ ၉ ရက်နေ့က နေပြည်တော်မှာ ဆန္ဒပြရင်း ရဲတပ်ဖွဲ့ရဲ့ လက်ချက်နဲ့ ဦးခေါင်းကို သေနတ်ကျည်ဆံ ထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ အသက်ရှင်သန်ခွင့်က ၅ ရာခိုင်နှုန်းလောက်ပဲမျှော်လင့်ချက်ရှိတော့တယ်လို့ သူ့ရဲ့အမ မမြသတိုးနွယ်က ပြီးခဲ့တဲ့နာရီပိုင်းက သတင်းမီဒီယာတွေကို ရှင်းလင်းပြောဆိုလိုက်ပါတယ်။

ဒါကြောင့် အာဏာရှင်စနစ်ကို ဆက်ပြီးတော်လှန်သွားမယ်လို့ မမြသတိုးနွယ်ကပြောပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ ဆယ်တန်းဖြေမယ့်ကျောင်းသူတယောက်ဖြစ်ပါတယ်။ ဖခင်မရှိတော့ပဲ မိခင်နဲ့အတူ မိသားစု ၅ ယောက်ရှိပြီး သူကအငယ်ဆုံးသမီးထွေးဖြစ်ပါတယ်။

မမြသွဲ့သွဲ့ခိုင်ဟာ လက်ရှိအချိန်ထိ စိုးရိမ်ရတဲ့လူနာအဖြစ်နဲ့ နေပြည်တော်ခုတင် (၁၀၀၀) ဆေးရုံမှာ ဆေးကုသမှု ခံယူနေဆဲဖြစ်ပါတယ်။

ကျည်ဆံထိမှန်ခဲ့တဲ့ မမြသွဲ့သွဲ့ခိုင်ရဲ့ ဦးခေါင်းမှာ စစ်ဆေးတွေ့ရှိတဲ့ ဆေးမှတ်တမ်းတွေအရ ရဲတပ်ဖွဲ့ရဲ့ ကျည်ဆံဟာ အဓိကရုဏ်း နှိမ်နင်းရာမှာသုံးတဲ့ ရော်ဘာကျည်မဟုတ်ဘဲ သံနဲ့လုပ်ထားတဲ့ ကျည်ဆံအစစ်ဖြစ်တယ်လို့  ခုတင် (၁၀၀၀) ဆေးရုံက ဆရာဝန်တဦးက RFA နဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

မမြသွဲ့သွဲ့ခိုင်နဲ့အတူ တချိန်တည်း ဝဲဘက်ရင်ဘတ်မှာကျည်ဆန်ဖောက်ဝင် သွားတဲ့ ကိုဆိုဝေကတော့ အသက်အန္တရာယ်မစိုးရိမ်ရတော့ဘူးလို့သိရပါတယ်။ 

အခြေအနေအသေးစိတ်ကို နောက်ပိုင်းမှာ ဆက်ပြီးတင်ပြပေးပါ့မယ်။


RFA Burmese

https://www.facebook.com/rfaburmese

အာဏာရှင်စနစ်ကို ဆက်ပြီးတော်လှန်သွားမယ်လို့ မမြသွဲ့သွဲ့ခိုင်မိသားစုတွေပြော အာဏာရှင်စနစ်ကို ဆက်ပြီးတော်လှန်သွားမယ်လို့ မမြသွဲ့သွဲ့ခိုင်မိသားစုတွေပြော Reviewed by THITHTOOLWIN on 19:10 Rating: 5

No comments:

Powered by Blogger.