မလေးရှားက ပြန်ပို့သူတွေ မြန်မာနိုင်ငံ ပြန်ရောက်

မလေးရှားက ပြန်ပို့သူတွေ မြန်မာနိုင်ငံ ပြန်ရောက်

မလေးရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာတွေထဲက လူ ၁၀၈၆ ဦးကို နေရပ်ပြန်ပို့ခဲ့ရာ မြန်မာနိုင်ငံကို စနေနေ့မှာ ရောက်လာပါတယ်။

ဒီလို ပြန်ပို့ခံရသူတွေ အန္တရာယ်ရှိနိုင်တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဝေဖန်ပြောဆိုနေကြပါတယ်။

ဒါပေမဲ့ အခု ပြန်ပို့သူတွေဟာ ပြည်ဝင်ခွင့် ချိုးဖောက်သူတွေသာ ဖြစ်ပြီး ခိုလှုံခွင့်တောင်းခံထားသူတွေ မပါဘူးလို့ မလေးရှားဘက်က ပြောထားပါတယ်။

မြန်မာနိုင်ငံက ရောက်ရှိလာပြီး မလေးရှားမှာ ခိုလှုံခွင့်တောင်းထားသူတွေထဲမှာ ချင်းလူမျိုးနဲ့ မွတ်ဆလင် ဒုက္ခသည်တွေရှိနေပါတယ်။

ပြန်လည်ပို့ဆောင်သူတွေကို တပ်မတော် စစ်ရေယာဥ်တွေနဲ့ မြန်မာဘက်က ပြန်လည် ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

မလေးရှားက ပြန်ပို့သူတွေ မြန်မာနိုင်ငံ ပြန်ရောက် မလေးရှားက ပြန်ပို့သူတွေ မြန်မာနိုင်ငံ ပြန်ရောက် Reviewed by THITHTOOLWIN on 08:20 Rating: 5

No comments:

Powered by Blogger.