စစ်အာဏာသိမ်းခေါင်းဆောင်တွေကို ဖိအားပေးဖို့ ဂျပန်အစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း


မြန်မာနိုင်ငံမှာ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရပြန်ရှိလာအောင်နဲ့ လူ့အခွင့်အရေးတွေကို လေးစားလာအောင် စစ်အာဏာသိမ်းခေါင်းဆောင်တွေကို ဖိအားပေးဖို့ ဂျပန်အစိုးရအနေနဲ့ အရေးပေါ်ဆောင်ရွက်ချက် လုပ်ဆောင်သင့်တယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက တိုက်တွန်းတဲ့အကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ Human rights Watch,  Human rights Now, Justice for Myanmar နဲ့ ဂျပန်လူ့အခွင့်အရေးအဖွဲ့အချို့ ပူးပေါင်းပြီး ဒီကနေ့ပဲ ဂျပန်နိုင်ငံခြားရေးဝန်ကြီး Toshimitsu Motegi ဆီကို စာတစောင်ပေးပို့ခဲ့တယ်လို့ Human rights Watch အဖွဲ့ရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထား ပါတယ်။ 

ဂျပန်အစိုးရအနေနဲ့ တခြားနိုင်ငံတွေနဲ့ပူးပေါင်းပြီး မြန်မာစစ်တပ်နဲ့ စစ်တပ်နဲ့ ဆက်စပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပစ်မှတ်ထားပြီး စီးပွားရေးအရ အရေးယူ ဒဏ်ခတ်တာတွေလုပ်ဆောင်ဖို့ မြန်မာစစ်တပ်ကို ကမ္ဘာတဝှမ်းကနေ လက်နက်ရောင်းချမှုတွေ ပိတ်ပင်ဖို့နဲ့ လူအခွင့်အရေးအပေါ်အခြေခံတဲ့ ဂျပန်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအကူအညီအစီအစဉ်တွေရှိလာအောင် လုပ်ဆောင်ပေးဖို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ထွန်းကားလာအောင် မြှင့်တင်ဖို့ ဆောင်ရွက်ရေးမှာ အဓိက အလှူရှင်နိုင်ငံတခုဖြစ်တဲ့ ဂျပန်အစိုးရမှာ တာဝန်ရှိတယ်။ ဂျပန်က မြန်မာကို ပေးနေတဲ့ အကူအညီတွေထဲမှာ မြန်မာစစ်တပ်အတွက် အကျိုးရှိစေမယ့်အရာတွေကို ရပ်တန့်ဖို့ ဂျပန်အစိုးရက အရေးတကြီး ပြန်သုံးသပ်သင့်ပြီလို့လည်း လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းထားပါတယ်။


RFA Burmese

https://www.facebook.com/rfaburmese

စစ်အာဏာသိမ်းခေါင်းဆောင်တွေကို ဖိအားပေးဖို့ ဂျပန်အစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း စစ်အာဏာသိမ်းခေါင်းဆောင်တွေကို ဖိအားပေးဖို့ ဂျပန်အစိုးရကို လူ့အခွင့်အရေးအဖွဲ့တွေ တိုက်တွန်း Reviewed by THITHTOOLWIN on 06:36 Rating: 5

No comments:

Powered by Blogger.