အမ်းမှာ ဖေဖော်ဝါရီ ၁၀ ရက်နေ့က စစ်အာဏာသိမ်းဆန့်ကျင်တဲ့ ဆန္ဒပြပွဲကို လူမှုကွန်ရက်ကနေ လိုက်ဖ်လွှင့်တဲ့ အသက် ၃၀ အရွယ် AGD ဘဏ်ဝန်ထမ်း အမျိုးသမီးကို ဖမ်းဆီးသွားကြောင်း မိသားစုဝင်က ဘီဘီစီကို ပြောပါတယ်။
မသင်းမြတ်ခိုင်ဟာ အိမ်ကနေ မြို့ဟောင်းဘက်ကို ဈေးသွားဝယ်ရာကနေ အပြန်မှာ ဆန္ဒပြပွဲနဲ့ တိုးခဲ့ပြီး ဆန္ဒပြတဲ့ကျောင်းသားနဲ့ ရဲတွေ ထိပ်တိုက်တွေ့ချိန်ကို လိုက်ဖ်လွှင့်တာကြောင့် ခုလိုဖမ်းဆီးတာဖြစ်တယ်လို့ ၎င်းရဲ့ ဖခင်က ပြောပါတယ်။
ယခုအခါ မသင်းမြတ်ခိုင်ကို ရမန်ယူချုပ်နှောင်ထားပြီး အမှုဖွင့်တဲ့ပုဒ်မကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
BBC Burmese
အမ်းမှာ စစ်အာဏာသိမ်းဆန့်ကျင်မှုဆန္ဒပြပွဲ လိုက်ဖ်လွှင့်တဲ့ အမျိုးသမီးကို ရဲက ဖမ်း
Reviewed by THITHTOOLWIN
on
10:03
Rating:
No comments:
Post a Comment