မန္တလေးမြို့ နောက်ဆုံးရ အခြေအနေ

RFA က နောက်ဆုံးရတဲ့သတင်းတွေအရ မန္တလေးမြို့ လမ်း ၃၀၊၃၆ လမ်းဘက်က လူအယောက် သုံးဆယ်လောက်နဲ့ စတင်လိုက်တဲ့ ဆန္ဒပြမှုဟာ ညနေပိုင်း လေးနာရီလောက်မှာတော့ လူသောင်းဂဏန်းလောက်အထိ ဖြစ်သွားပါတယ်။

စစ်အာဏာရှင် အလိုမရှိ၊ ဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ ကြွေးကြော်ဆန္ဒပြနေကြတာဖြစ်ပြီးတော့ လမ်းဘေးဝဲယာက ပြည်သူတွေ ပူးပေါင်း ပါဝင်လာတာလည်း တွေ့ရပါတယ်။

အဲဒီလူအုပ်ကြီးဟာ ၈၄ လမ်းအတိုင်းဆင်းလာပြီးနောက် (၂၈) လမ်းမှာ လူစုခွဲလိုက်ကြပါတယ်။ မန္တလေး ဈေးချို နာရီစင်နဲ့ မန္တလေး ကျုံးပတ်ပတ်လည်မှာ လုံခြုံရေးတွေ တင်းကျပ် ချထားပါတယ်။

စစ်အာဏာရှင် အလိုမရှိကြောင်း စာရွက်တွေကို ဆိုင်ကယ်တွေနဲ့ လိုက်ဖြန့်နေသူတွေကိုလည်း တွေ့ရပါတယ်။

လက်ရှိ အင်တာနက်၊ ဖုန်းလိုင်းတွေ အားလုံးကို စစ်အစိုးရက ပိတ်ထားတဲ့အတွက် ဆက်သွယ်ရေး ပြတ်တောက်နေပြီး အတည်မပြုနိုင်သေးတဲ့ သတင်းတွေအရ စစ်အစိုးရ အာဏာပိုင်တွေက နှစ်ရက်ကြာ ပိတ်ပင်ထားမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

အင်တာနက် ဖြတ်တောက်ထားတာကြောင့် မန္တလေးမြို့ရဲ့ နောက်ဆုံး အခြေအနေ ဓာတ်ပုံ၊ ဗီဒီယိုတွေကို မရရှိသေးပါဘူး။

RFA Burmese

https://www.rfa.org/burmese/news/protest-against-military-coup-in-mandalay-02062021083145.html

မန္တလေးမြို့ နောက်ဆုံးရအခြေအနေ ၂ဝ၂၁ ဖေဖော်ဝါရီလ ၆ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မြို့တွင် ဆန္ဒပြနေကြသူများ။ Photo: RFA


မန္တလေးမြို့ နောက်ဆုံးရ အခြေအနေ  မန္တလေးမြို့ နောက်ဆုံးရ အခြေအနေ Reviewed by THITHTOOLWIN on 20:48 Rating: 5

No comments:

Powered by Blogger.