မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အမေရိကန် နောက်ထပ်အရေးယူဖွယ်ရှိ

US State Department Spokesperson Ned Price holds a news briefing at the State Department in Washington, DC, on February 17, 2021. (Photo by KEVIN LAMARQUE / POOL / AFP)

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေကို အမေရိကန် ပြည်ထောင်စုဘက်က နောက်ထပ် အရေးယူ ဆောင်ရွက်လာနိုင်ဖွယ်ရှိကြောင်း နိုင်ငံခြားရေးဌာန ပြောခွင့်ရ Ned Price က တနလာင်္နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာ စစ်တပ်ပိုင် လုပ်ငန်းကြီးတွေ အပေါ်မှာ အမေရိကန်ဘက်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်မထားတာနဲ့ ပတ်သက်ပြီး မေးမြန်းတာမှာ နိုင်ငံခြားရေးဌာန ပြောခွင့်ရက စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်တဲ့ လူတွေနဲ့ လုပ်ငန်းတွေကို အမေရိကန်ဘက်က ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ထားပြီး ဖြစ်ကြောင်း ပြောပါတယ်။

ဒါ့အပြင် မြန်မာပြည်သူတွေကို ပံ့ပိုးရေး အမေရိကန်ရဲ့ ရည်မှန်းဆောင်ရွက်ချက် ပြည့်မီစေရေးအတွက် နောက်ထပ် မူဝါဒအရ ဖိအားပေး ဆောင်ရွက်မှုတွေ ထပ်ရှိလာနိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရက သတင်းစာ ရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံတွင်းက ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အမေရိကန်ဘက်က ထောက်ခံကြောင်းလည်း ပြောပါတယ်။ မြန်မာ့ စစ်အာဏာသိမ်းမှု အရေးနဲ့ ပတ်သက်ပြီး အမေရိကန်ဘက်က မိတ်ဖက်နိုင်ငံတွေ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နေကြောင်းလည်း ပြောပါတယ်။ 


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/usa-may-take-additional-actions-against-leaders-of-military-coup/5788971.html

မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အမေရိကန် နောက်ထပ်အရေးယူဖွယ်ရှိ မြန်မာစစ်ခေါင်းဆောင်တွေအပေါ် အမေရိကန် နောက်ထပ်အရေးယူဖွယ်ရှိ Reviewed by THITHTOOLWIN on 08:03 Rating: 5

No comments:

Powered by Blogger.