ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့မနက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ က အင်အားသုံးဖြိုခွင်းဖို့ ကြိုးစားခဲ့ပါတယ်။
စစ်အာဏာရှင်ဆန့်ကျင်ရေး ၂၁ ရက်မြောက်နေ့မှာ ဆန္ဒပြသူတွေ စတင်စုဝေးတဲ့ နေရာ အနီးက အမှတ် ၂၄ အခြေခံပညာ မူလတန်းကျောင်းရှေ့မှာ ရဲတပ်ဖွဲ့ဝင်တွေက ဖြိုခွင်းဖို့ ရေကားတွေ ပြင်ဆင်ခဲ့တာပါ။
ဆန္ဒပြသူတွေက ဖြိုခွင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ ကို ရှောင်ကွင်းပြီး ဆန္ဒပြခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့ က မြို့လယ်ပိုင်းကို မဝင်အောင် ပိတ်ထားပြီး ဖြိုခွင်းဖို့ ကြိုးစားခဲ့တာပါ။ ပိတ်ဆို့ခံရတဲ့ ဆန္ဒပြသူတွေက မြို့လယ်ကို မဝင်တော့ဘဲ အမှတ် ၇ ရပ်ကွက် နဲ့ အမှတ် ၈ ရပ်ကွက်တွေက ရပ်ကွက်တွင်းလမ်းတွေကို လှည့်လည်ဆန္ဒပြခဲ့တာပါ။
RFA Burmese
ပုသိမ်မှာ ဖြိုခွင်းဖို့ ကြိုးစားတဲ့ ရဲတပ်ဖွဲ့ကို ရှောင်ကွင်းပြီး ဆန္ဒပြ
Reviewed by THITHTOOLWIN
on
10:55
Rating:
No comments:
Post a Comment