တာမွေမှာ ဖမ်းဆီးခံရသူ အများအပြား ပြန်လည်လွတ်မြောက်



မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်လှုပ်ရှားမှုတွေကို အာဏာပိုင်တွေ ဖြိုခွင်းရင်း ရန်ကုန်မြို့မှာ ဖမ်းဆီးခံရသူ တွေထဲက တော်တော်များများ ပြန်လွတ်လာပါတယ်။

ရန်ကုန်မြို့ တာမွေမြို့နယ် ကျောက်မြောင်း ရပ်ကွက်မှာ သောကြာနေ့က ဖမ်းဆီးခံရသူ ၃၂ယောက်မှာ ၂၈ယောက်ဟာ နောက်တနေ့မှာပဲ ပြန်လွတ်လာခဲ့ကြောင်း ပြန်လွတ်လာသူ ၁ ဦးဖြစ်တဲ့ အသက် ၄၄နှစ်အရွယ် အမျိုးသားတစ်ဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

ပြန်လည်လွတ်မြောက်လာပေမဲ့လည်း ခံဝန်ကတိပေးခဲ့ရတယ်လို့လည်း ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပြည်လုံးကျွတ်နီးပါး ဆန္ဒပြပွဲတွေ ပေါ်ပေါက်နေတဲ့အထဲ စစ်တပ်နဲ့ ရဲတပ်ဖွဲ့က အင်အားသုံး ဖြိုခွင်းတာတွေကြောင့်သေဆုံးသူ အနည်းဆုံး ၈ ယောက် ရှိနေပြီး ဖမ်းခံရသူ အယောက် ၇ဝဝ ကျော်ရှိနေပြီ ဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ငြိမ်းချမ်းစွာ ကန့်ကွက်ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းနေတာတွေကို ရပ်တန့်ဖို့ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းက တိုက်တွန်းနေတဲ့ကြားမှာပဲ လုံခြုံရေးတပ်ဖွဲ့တွေက အင်အားသုံးဖြိုခွင်းတာတွေ ဆက်လက်ပေါ်ပေါက်နေတာ ဖြစ်ပါတယ်။


 ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/arrested-protestor-got-release-/5794629.html

တာမွေမှာ ဖမ်းဆီးခံရသူ အများအပြား ပြန်လည်လွတ်မြောက် တာမွေမှာ ဖမ်းဆီးခံရသူ အများအပြား ပြန်လည်လွတ်မြောက် Reviewed by THITHTOOLWIN on 07:11 Rating: 5

No comments:

Powered by Blogger.