တာမွေအိုးရှင်းစင်တာအနီး တပ်ထုတ်ကုန်တွေ ‘ မဝယ်နဲ့ ကမ်ပိန်း’ကို ရဲနဲ့ တပ်က ပိတ်ဆို့ဖမ်းဆီး၊ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ထားပြီး စင်တာထဲ ဝင်ရောက်ရှာဖွေ


ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ အိုးရှင်းစင်တာအနီးမှာ တပ်ထုတ်ကုန်တွေ မဝယ်ယူရေးအတွက် ‘ မဝယ်နဲ့ ကမ်ပိန်း’ကို ပြုလုပ် ဆန္ဒပြနေကြတဲ့လူအုပ်ကို မနက် ၁၀ နာရီခွဲ ဝန်းကျင်ခန့်မှာ ရဲနဲ့တပ်အင်အား အများအပြားနဲ့ လာရောက်ဖမ်းဆီးမှုကြောင့် ၁၀ ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရတယ်လို့ အဲဒီကမ်ပိန်းမှာ ပါဝင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

" ဖြစ်ဖြစ်ချင်း စင်တာထဲဝင်ပြေးကြသူတွေရှိသလို ကားပါကင်နဲ့ လမ်းသွယ်တွေကို ပြေးကြတာတွေ ရှိတယ်။ အခုနေ့လယ် ၁နာရီခွဲကျော်တဲ့အထိ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ပြီး ရဲဝတ်စုံတွေနဲ့ရော အရပ်ဝတ်တွေနဲ့ပါ စင်တာထဲက ဆိုင်တွေကို လိုက်ရှာနေတယ်။ ဒီကမ်ပိန်းမှာပါတဲ့ကျောင်းသားတွေကို ဖမ်းချင်လို့လို့ထင်တယ်။ အထဲမှာ ကျောင်းသားတွေရော၊ ဈေးဝယ်တဲ့ပြည်သူတွေရောအကုန်ပိတ်မိနေတာ"လို့ သူကထပ်မံပြောပြပါတယ်။

ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အရပ်သားအစိုးရဆီကနေ တပ်မတော်က အာဏာရယူပြီးတဲ့နောက်ပိုင်း နိုင်ငံတဝန်း ဆန္ဒပြပွဲတွေအရှိန်မြှင့်နေသလို တပ်ထုတ်ကုန်တွေအားမပေးရေးအတွက် 'မဝယ်နဲ့ ကမ်ပိန်း'ကို လည်း လူငယ်ကျောင်းသားတွေဦးဆောင်ပြီး လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56140135

တာမွေအိုးရှင်းစင်တာအနီး တပ်ထုတ်ကုန်တွေ ‘ မဝယ်နဲ့ ကမ်ပိန်း’ကို ရဲနဲ့ တပ်က ပိတ်ဆို့ဖမ်းဆီး၊ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ထားပြီး စင်တာထဲ ဝင်ရောက်ရှာဖွေ  တာမွေအိုးရှင်းစင်တာအနီး တပ်ထုတ်ကုန်တွေ ‘ မဝယ်နဲ့ ကမ်ပိန်း’ကို ရဲနဲ့ တပ်က ပိတ်ဆို့ဖမ်းဆီး၊ ဝင်ပေါက်ထွက်ပေါက်တွေကို ပိတ်ထားပြီး စင်တာထဲ ဝင်ရောက်ရှာဖွေ Reviewed by THITHTOOLWIN on 18:21 Rating: 5

No comments:

Powered by Blogger.