နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နေ့ပြည်တော်မှာ သတင်းစာရှင်းလင်းပွဲလုပ်မယ်လို့ ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းစစ်ကောင်စီက ပထမဆုံးသတင်းစာရှင်းလင်းပွဲ ကျင်းပတာလည်းဖြစ်ပါတယ်။
နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့က နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနမှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ထုတ်ပြန်ထားပြီးတော့ အရင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူထားပြီး ဒုတိယခေါင်းဆောင် အဖြစ် ဦးသက်ဆွေ ခန့်အပ်ပြီး ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
စစ်အာဏာသိမ်းကောင်စီကို ဆန့်ကျင်ပြီးအသိမှတ်မပြုတဲ့အနေနဲ့ သတင်းထောက်တွေ သတင်းစာရှင်းလင်းပွဲကို မတက်ကြဖို့ လည်းလှုမှုကွန်ရက်မှာ တောင်းဆိုမှုတွေရှိပါတယ်။
နေပြည်တော်က သတင်းထောက်အချို့ကတော့ တက်ရောက်ဖို့ရှိတယ်လို့ သိရသလို သတင်းထောက်တွေကြားမှာ တက်သင့် မတက်သင့် ပြောဆိုဆွေးနွေးမှုတွေ ရှိပါတယ်။
ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက် အချို့ကတော့ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ဖို့ ဖိတ်စာရထားပေမယ့် တက်ရောက်မှာ မဟုတ်ဘူးလို့ ဘီဘီစီကိုပြောပါတယ်။
BBC Burmese
No comments:
Post a Comment