မြန်မာနိုင်ငံမှာရှိတဲ့ အမေရိကန် သံရုံးဝန်ထမ်းတွေထဲက အရေးပေါ်တာဝန် ထမ်းဆောင်ခြင်းမရှိတဲ့ ဝန်ထမ်းတွေနဲ့ သူတို့မိသားစုဝင်တွေကို မိမိသဘောနဲ့ မိမိ မြန်မာနိုင်ငံက ထွက်ခွာဖို့ အမေရိကန် နိုင်ငံခြားရေးဌာနက ဖေဖော်ဝါရီ ၁၄ ရက်နေ့က ခွင့်ပြုလိုက်ပါတယ်။
အမေရိကန်သံရုံးကို ဆက်လက်ဖွင့်လှစ်ထားရှိပြီး မြန်မာပြည်မှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေအနေနဲ့ အကြမ်းဖက်မှုတွေ ကြုံတွေ့နိုင်ကြောင်း၊ ဆက်သွယ်ရေး ကန့်သတ်ပိတ်ဆို့မှုတွေ ဆက်လက်ဖြစ်ပေါ်နေပြီး မြန်မာပြည်က ထွက်ခွာမဲ့လေယာဉ်တွေလည်း အကန့်အသတ်နဲ့ရှိနေကြောင်း ရန်ကုန်မြို့အမေရိကန်သံရုံးက သူ့နိုင်ငံသားတွေကို သတိပေးထားပါတယ်။
မြန်မာပြည်က ထွက်ခွာလိုတဲ့ အမေရိကန်နိုင်ငံသားတွေဟာ မိမိကိုယ်ပိုင် အစီအစဉ်နဲ့ ထွက်ခွာရမှာဖြစ်ပြီး လက်ရှိမှာ မလေးရှားနိုင်ငံ နဲ့ တောင်ကိုးရီးယားနိုင်ငံကို ဒီအပတ်အတွင်း ထွက်ခွာမဲ့ MAI နဲ့ MNA လေယာဉ်ခရီးစဉ်တွေမှာ နေရာလက်ကျန်ရှိနေကြောင်းလည်း ဖော်ပြထားပါတယ်။
RFA Burmese
No comments:
Post a Comment