မြန်မာစစ်တပ်နဲ့စီးပွားရေးလုပ်နေတဲ့ စင်္ကာပူကုမ္ပဏီကနေ စင်္ကာပူစတော့အိပ်ချိန်း အချက်အလက်တောင်း

MyTel ကုမ္ပဏီ၏ တရားဝင် အင်တာနက်စာမျက်နှာ။

မြန်မာနိုင်ငံက မြို့ပြတည်ဆောက်ရေး စီမံကိန်းလုပ်ငန်းမှာ ပါဝင်လုပ်ကိုင်နေတဲ့ ETC ကုမ္ပဏီရဲ့လုပ်ငန်းတွေနဲ့ သတင်းအချက်အလက်တွေကို စင်္ကာပူစတော့ခ်အိပ်ချိန်း Singapore Exchange (SGX) ကုမ္ပဏီက သောကြာနေ့မှာ တောင်းဆိုလိုက်ပါတယ်။ အာဏာသိမ်းထားတဲ့ မြန်မာစစ်တပ်နဲ့ ETC ကုမ္ပဏီ လက်တွဲလုပ်ကိုင်နေတယ်ဆိုပြီး လူ့အခွင့်အရေးသမားတွေရဲ့ဝေဖန်ချက်တွေ ထွက်လာပြီးတဲ့နောက် SGX က အခုလို တောင်းဆိုတာပါ။

မြန်မာစစ်တပ်နဲ့ ဆက်စပ်ပတ်သက်နေတယ်ဆိုပြီး လှုပ်ရှားတက်ကြွသူတွေ ဝေဖန်နေတဲ့ ကုမ္ပဏီတွေထဲမှာ ETC လည်းပါဝင်ပါတယ်။ သက်ဆိုင်ရာအစိုးရတွေရဲ့အဆိုအရ စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံမှာ ပြည်ပက ရင်းနှီးမြှပ်နှံမှုအများဆုံးရှိတဲ့ နိုင်ငံတခုလည်းဖြစ်ပါတယ်။ မြန်မာစစ်တပ်ကအဌားချထားတဲ့ မြေနေရာတွေမှာ ETC က Golden City ဆိုတဲ့မြို့ပြစီမံကိန်း တခုဆောက်လုပ်နေတာဖြစ်ပါတယ်။

ETC ရဲ့အစုရှယ်ယာတွေ SGX မှာ အရောင်းအဝယ်လုပ်နေတာလည်း သောကြာနေ့က ရပ်သွားပါတယ်။

SGX က တောင်းထားတဲ့ အချက်အလက်တွေထဲမှာ ETC ကုမ္ပဏီရဲ့ ဘဏ္ဍာငွေရရှိရေးကြိုးပမ်းချက်တွေ၊ Golden City မြို့ပြတည်ဆောက်ရေးစီမံကိန်းရဲ့ လက်ရှိအနေအထားအသေးစိတ်ကို မတ်လ ၁ ရက်နေ့နောက်ဆုံးထားပြီးတင်ပြဖို့လည်းပါဝင်ပါတယ်။

ဒီအချိန်မှာပဲ စစ်တပ်နဲ့ ဆက်စပ်နေတဲ့ Mytel တယ်လီဖုန်းလုပ်ငန်းအတွက် ငွေကြေးလွှဲပြောင်းပေးတာတွေ ရပ်လိုက်ပြီလို့ ငွေကြေးလွှဲပြောင်းမှုတွေလုပ်ပေးနေတဲ့ Coda စင်္ကာပူရုံးချုပ်က ရိုက်တာသတင်းဌာနကို သောကြာနေ့မှာ ပြောပါတယ်။ ဒီလိုရပ်လိုက်တာကြောင့် Mytel ကိုသုံးသူတွေအနေနဲ့ Coda ကုမ္ပဏီရဲ့ဝန်ဆောင်မှုတွေကိုသုံးပြီး ငွေပေးချေတာတွေ လုပ်လို့ရတော့မှာမဟုတ်ပါဘူး။


ဗွီအိုအေ (မြန်မာပိုင်း)

https://burmese.voanews.com/a/singapore-bourse-queries-developer-over-myanmar-project/5794416.html

မြန်မာစစ်တပ်နဲ့စီးပွားရေးလုပ်နေတဲ့ စင်္ကာပူကုမ္ပဏီကနေ စင်္ကာပူစတော့အိပ်ချိန်း အချက်အလက်တောင်း မြန်မာစစ်တပ်နဲ့စီးပွားရေးလုပ်နေတဲ့ စင်္ကာပူကုမ္ပဏီကနေ စင်္ကာပူစတော့အိပ်ချိန်း အချက်အလက်တောင်း Reviewed by THITHTOOLWIN on 04:06 Rating: 5

No comments:

Powered by Blogger.