ချင်းပြည်နယ် ဟားခါးမှာ ဆန္ဒပြတဲ့သူ ဖြိုခွဲဖို့ ကြိုးစားခဲ့တယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။
ဒီနေ့ ဖေဖော်ဝါရီ ၂၇ ရက်မှာ ၂ နာရီစဖို့ လူစုထားပေမယ့် လူစုလို့မရအောင် ရဲတွေက ပိတ်တာမျိုးလုပ်ဆောင်ကာ ဆန္ဒပြထွက်လို့မရအောင် ရဲအင်အားအလုံးအရင်းနဲ့ ဆန္ဒပြဖို့ လူစုနိုင်တဲ့နေရာတွေမှာ ရဲတွေက ပိတ်ဆို့နေတယ်လို့ဆိုပါတယ်။
ဒီလိုပိတ်ဆို့မှုကြောင့် ပြည်သူတွေလည်း လူစုခွဲနေချိန်မှာ သတင်းသမားတွေက ဆက်လက်သတင်းယူနေချိန် ဟားခါးတိုင်းမ်ရဲ့ CEO ကိုပါပွီး အဖမ်းခံလိုက်ရတယ်လို့ ဟားခါးက သတင်းသမားတွေက RFA ကို ပြောပါတယ်။
RFA Burmese
ချင်းပြည်နယ် ဟားခါးမြို့မှာ သတင်းထောက် တစ်ယောက်အဖမ်းခံရ
Reviewed by THITHTOOLWIN
on
19:50
Rating:
No comments:
Post a Comment