မုံရွာ၊ ဖေဖော်ဝါရီ - ၇
သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ပြန်မလွတ်မချင်း အလုပ်မဆင်းဟု လက်ပံတောင်းကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီမှ မြန်မာဝန်ထမ်းများက ပြောသည်။
ဆားလင်းကြီးမြို့နယ် ဝမ်ပေါင်ကုမ္ပဏီမှ ဝန်ထမ်းများအနေဖြင့် CDM (Civil Disobedience Movement) ကို ဖေဖော်ဝါရီ ၆ ရက်နေ့ ကစတင်လုပ်ဆောင်နေသည်။
"အမေစုနဲ့ သမ္မတကြီး ဦးဝင်းမြင့် ပြန်လွှတ်ရေး၊ ရွေးကောက်ခံအမတ်တွေနဲ့ ဒီမိုကရေစီအစိုးရပြန်မဖွဲ့မချင်း ကျနော်တို့က CDM ဆက်လုပ်မှာပါ"လို့ ဝမ်ပေါင်ကုမ္ပဏီဝန်ထမ်း ကိုအောင်မျိုးနိုင်က ပြောသည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဝမ်ပေါင်ကုမ္ပဏီတွင် မြန်မာအလုပ်ဝန်ထမ်း ၁၅၀၀ ခန့်ရှိပြီး ၎င်းတို့ထဲမှ အလုပ်သမား ၁၀၀၀ ခန့်သည် အလုပ်မဆင်းဘဲ CDM လုပ်ဆောင်သွားမည်ဟု သတင်းရရှိသည်။
Monywa Gazette
သမ္မတနှင့်ဒေါ်အောင်ဆန်းစုကြည် မလွတ်မချင်း အလုပ်မဆင်းဟု ကြေးနီစီမံကိန်း လုပ်သားများပြော
Reviewed by THITHTOOLWIN
on
20:10
Rating:
No comments:
Post a Comment