နေပြည်တော်မှာအဖမ်းခံရသူတွေ မိသားစုနဲ့ ဆက်သွယ်မရ ဖြစ်နေ


နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ထဲက ဒေသခံအချို့ဟာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က နေပြည်တော်ရုံး အမှတ် (၁) ရှေ့မှာဆန္ဒပြရင်း ဖမ်းဆီးခံခဲ့ရပါတယ်။

ဖမ်းဆီးခံထားရတာ ၃ ရက်ကြာပြီဖြစ်ပေမဲ့ သူတို့ကိုဘယ်မှာ ထိန်းသိမ်းထားလဲဆိုတာ အခုထိ အဆက်အသွယ်မရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

နေပြည်တော်မှာ အစိုးရဝန်ထမ်းအချို့အပါအဝင် လူ၆၀ ကျော်နဲ့ မန္တလေး ဘဏ် ၁ ရှေ့က လူ ၂၀ အပါအဝင် စုစုပေါင်း ၂၉ ဦးကို ဆူပူဆန္ဒပြမှုများနဲ့ ဆက်စပ်ပြီး ဖမ်းဆီးအရေးယူထားတယ်လို့ အာဏာသိမ်းစစ်ကောင်စီက ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီအထဲမှာ နေပြည်တော်က ၂၇ ဦးကိုတော့ စစ်ဆေးမှုတွေပြုလုပ်ပြီးပြန်လွှတ်ပေးခဲတယ်လို့လည်း သတင်းထုတ်ပြန်ချက်က ဆိုပါတယ်။

အဖမ်းခံရသူတချို့ဟာ ရုံးရှေ့ ဆန္ဒပြနေစဥ် လူ ၃၀ ခန့် အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အဖမ်းခံခဲ့ရတာ ဖြစ်ပြီးတော့ အခုအထိ အဆက်အသွယ်မရဖြစ်နေလို့ မိသားစုတွေက စိတ်ပူနေတယ်လို့ပြောပါတယ်။


BBC Burmese

https://www.bbc.com/burmese/live/burma-56091207

နေပြည်တော်မှာအဖမ်းခံရသူတွေ မိသားစုနဲ့ ဆက်သွယ်မရ ဖြစ်နေ  နေပြည်တော်မှာအဖမ်းခံရသူတွေ မိသားစုနဲ့ ဆက်သွယ်မရ ဖြစ်နေ Reviewed by THITHTOOLWIN on 19:36 Rating: 5

No comments:

Powered by Blogger.