စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင် |
နေအိမ်အကျယ်ချုပ်ကျနေဆဲဖြစ်တဲ့ NLD ပါတီ ဗဟိုကော်မတီဝင် တဦးဖြစ်တဲ့ ဒေါက်တာမြင့်နိုင်ကို သူ့ရဲ့လုံခြုံရေးအခြေအနေနဲ့ ပါတီ ဗဟိုကော်မတီဝင်တချို့ရဲ့လုံခြုံရေးအခြေအနေ တွေကို မေးမြန်းတာမှာတော့ လက်ရှိအခြေအနေမှာ စစ်ကိုင်းတိုင်း ဝန်ကြီးအိမ်ယာမှာဘဲ သူ့ကို အကျယ်ချုပ်ချထားဆဲဖြစ်ပြီး တပ်မတော်နဲ့ ရဲတပ်ဖွဲ့က လုံခြုံရေးအပြည့် ဆက်လက် ယူထားဆဲဖြစ်တယ်လို့ ပြောပါတယ်။ ဗွီအိုအေသတင်းထောက် မေခက မေးမြန်းထားပါတယ်။
မေး။. ။ “ကျမ မေခပါဆရာ။ အခြေနေဘယ်လိုရှိလဲ ပြောပြပေးပါဆရာ။”
ဖြေ။. ။“ဘယ်လိုလဲဆို ဘလောက်ထဲမှာပဲ။ အိမ်မှာပဲ။”
မေး။. ။“လုံံခြုံရေးပိုင်းကရော”
ဖြေ။. ။“ဒီကနေကျတော့ ငါတို့အပြင်တောင် မထွက်ရဘူးဆိုတော့၊ တခါ ဝင်းထဲတောင် မလေ ျှာက်ရဘုူး ဆိုလို့ ငါတို့ အိမ်ဝင်းထဲပဲ လေ ျှာက်နေတာ။
အဲဒို့ဆီက. ဒီဝန်ကြီး အိမ်ယာတွေက ဒီဝင်း တဝင်းပဲရှိတာကိုး။ အပြင်တောင် မထွက်နဲ့ဆိုတော့ အိမ်ဝင်းထဲပဲ နေပေးလိုက်တယ်။”
ေမး။. ။ “ဟုတ္ကဲ့”
ဖြေ။. ။“အပြင်တောင် မထွက်ဘူး။ ဟိုဟာတော့ ရဲကော၊ စစ်တပ်ကော ရှိနေတုန်းပဲလေ။”
မေး။. ။“ဟုတ်ကဲ့ပါ။ ဒေါက်တာဇော်မြင့်မောင်ကိုတော့ ပြန်ပြီးတော့ ထိန်းသိမ်းထားတယ်လို့ ကြားလို့၊ ဆရာတို့ကိုရော အခြေနေ ဘယ်လိုလည်း ဘာများ ပြောသေးလဲ ဆိုတာ တိတိကျကျ သိချင်တာပါရှင့်။”
ဖြေ။. ။“ ခုနပဲ ငါကော၊ အောင်မိုးညိုကော၊ နန်းခင်ထွေးမြင့်ရော၊ နောက်ပြီးတော့ တခြားလူတွေလည်း တယ်လီဖုံးနဲ့ တွေ့ပြီးပြောတော့ သူတို့လည်း အိမ်မှာရှိနေတယ်ဆိုတော့ အထိန်းသိမ်း မခံရသေးပါဘူး။
ေမခ/ VOA Burmese
https://burmese.voanews.com/a/report-02-07-21-sagaing-mp-dr-myint-maung-/5769272.html
No comments:
Post a Comment