နေပြည်တော်၊ ပုသိမ်၊ ပေါင်းတည်၊ မြင်းခြံ၊ မုံရွာ၊ မိုးကုတ်တို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြ

နေပြည်တော်မှာ စစ်အာဏာသိမ်း ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေရှိ

စစ်အာဏာသိမ်းပြီး တစ်ပတ်အကြာမှာ နေပြည်တော်၊ ပုသိမ်၊ ပေါင်းတည်၊ မြင်းခြံ၊ မုံရွာ၊ မိုးကုတ် စတဲ့ မြို့တွေမှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုတွေ စတင်လာခဲ့ပါတယ်။

လူငယ်တွေ အများစု ပါ၀င်တဲ့ ဆန္ဒပြမှုတွေမှာ လူထောင်ချီ ပါ၀င်ခဲ့ပြီး မြို့‌တွေမှာ လှည့်လည်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။

နေပြည်တော်မှာတော့ ကားတွေ၊ ဆိုင်ကယ်တွေနဲ့ လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေဘက်က တစ်စုံတစ်ရာ တားဆီးတာတွေ မရှိခဲ့ဘူးလို့လည်း သိရပါတယ်။

မုံရွာက ဆန္ဒပြသူများ


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

နေပြည်တော်၊ ပုသိမ်၊ ပေါင်းတည်၊ မြင်းခြံ၊ မုံရွာ၊ မိုးကုတ်တို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြ နေပြည်တော်၊ ပုသိမ်၊ ပေါင်းတည်၊ မြင်းခြံ၊ မုံရွာ၊ မိုးကုတ်တို့မှာ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒပြ Reviewed by THITHTOOLWIN on 17:55 Rating: 5

No comments:

Powered by Blogger.