ဆန္ဒပြသူတွေကို တပ်ဘက်က သတိပေးချက်ထုတ်

နေပြည်တော်ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ကတားဆီးနေစဉ်

နေပြည်တော်မှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မီးသတ်ပိုက်နဲ့ ပက် လူစုခွဲတာတွေ ရှိလာပြီးနောက် အာဏာသိမ်းတပ်မတော်က ဆန္ဒပြသူတွေကို ရည်ညွှန်းတဲ့ ထုတ်ပြန်ချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အဲဒီထုတ်ပြန်ချက်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အကြောင်းအမျိုးမျိုးပြပြီး တခြားသူတွေကို အုပ်စုဖွဲ့ အတင်းအကြပ်ပြုခြင်း၊ နှောင့်ယှက်ခြင်း၊ ခြိမ်းခြောက်ခြင်းတွေအထိ ဥပဒေ ချိုးဖောက်မှုတွေ ရှိလာခဲ့တယ်လို့ဖော်ပြထားပါတယ်။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ပြည်သူလူထု ဘေးကင်းလုံခြုံရေးနဲ့ တရားဥပဒေ စိုးမိုးရေးတို့ကို နှောင့်ယှက် ဟန့်တားဖျက်ဆီးတဲ့ ကျူးလွန်မှုမျိုးကို ထိရောက်စွာ ဟန့်တားမယ့် ဆောင်ရွှက်ချက်တွေ၊ ဥပဒေနဲ့ အညီ အရေးယူမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒီသတင်းကို တပ်မတော် အာဏာသိမ်းအစိုးရ ထိန်းချုပ်ထားတဲ့ ရုပ်သံတွေကလည်း ထုတ်ပြန်ခဲ့ပါတယ်။

နေပြည်တော်ဆန္ဒပြပွဲ ရဲတပ်ဖွဲ့နဲ့ထိပ်တိုက်တွေ့နေစဉ်


BBC Burmese

https://www.bbc.com/burmese/live/burma-55882493

ဆန္ဒပြသူတွေကို တပ်ဘက်က သတိပေးချက်ထုတ် ဆန္ဒပြသူတွေကို တပ်ဘက်က သတိပေးချက်ထုတ် Reviewed by THITHTOOLWIN on 18:09 Rating: 5

No comments:

Powered by Blogger.