အမ်းမြို့မှာ စစ်အာဏာဆန့်ကျင်သူ ခုနစ်ဦးကို တရားရုံးက ဒဏ်ငွေချ

အမ်းမြို့မှာ စစ်အာဏာဆန့်ကျင်သူ ခုနစ်ဦးကို တရားရုံးက ဒဏ်ငွေချ ရခိုင်ပြည်နယ် အမ်းမြို့မှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသူတွေကို ၂၀၂၁ ဖေဖော်ဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ် / Photo: CJ


ရခိုင်ပြည်နယ် အမ်းမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့က စစ်အာဏာသိမ်းမှုကိုကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ဒေသခံ ခုနစ်ဦးကို မြို့နယ်တရားရုံးက ဒီနေ့ ငွေဒဏ် ရှစ်သောင်းစီ ချမှတ်လိုက်တယ်လို့ အမိန့်ချမှတ်ခံရတဲ့ မိသားစုဝင်တွေကပြောပါတယ်။

မြို့နယ်ရဲတပ်ဖွဲ့မှူးက တရားလိုလုပ်ပြီး စွဲဆိုထားတဲ့ ငြိမ်းစုစီပုဒ်မ-၁၉ အတွက် ငွေဒဏ် သုံးသောင်းနဲ့ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက တရားလိုလုပ်ပြီးစွဲဆိုထားတဲ့ ဘေးစီမံဥပဒေပုဒ်မ- ၃၀(က)အတွက် ငွေဒဏ် ငါးသောင်းစီချမှတ်ခံရပြီး ပြန်လည်လွတ်မြောက်လာကြတယ်လို့ ဥပဒေပိုင်းဆိုင်ရာ အကြံဉာဏ်တွေ ပေးခဲ့တဲ့ ရှေ့နေ ဦးညွန့်မောင်က RFA ကိုပြောပါတယ်။

အမိန့်ချမှတ်ခံရသူတွေဟာ ဒေါ်ပုမ၊ ဒေါ်သန်းမြခိုင်၊ ဒေါ်တင်ချိုချိုထွေး၊ မမိုင်ရတနာအောင်၊ မစိုးကလျာထွန်း၊ ကိုမျိုးအောင်ချိုနဲ့ ဆလိုင်း မင်းထက်အောင် စတဲ့ အမျိုးသမီး ငါးဦးနဲ့ အမျိုးသား နှစ်ဦးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲပိုင်းက စစ်အာဏာသိမ်းမှုကို ကန့်ကွက်တဲ့အနေနဲ့ ဒေသခံ ၃၀၀ ခန့်က အမ်းမြို့ဟောင်းရပ်ကွက်ကနေ မြို့သစ်ရပ်ကွက်ဘက်ကို လမ်းလျှောက်ဆန္ဒပြခဲ့ကြရာမှာ အမှတ်-၃၇၁ တပ်ရင်းရှေ့နားမှာ ရဲနဲ့စစ်တပ်တို့ပေါင်းပြီး တားဆီးလူစုခွဲခဲ့ပါတယ်။

အဲဒီနောက် နာရီဝက်လောက်အကြာမှာ လူ ရှစ်ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ရုံးထုတ်ရမန်ယူချိန်မှာ တစ်ဦးကို ပြန်လွှတ်ပေးလိုက်ပြီး ကျန် ခုနစ်ဦးကို အမှုဖွင့်တရားစွဲဆို ခဲ့တာပါ။


RFA Burmese

https://www.rfa.org/burmese/news/court-fine-seven-protesters-in-ann-rakhine-state-02242021070836.html

အမ်းမြို့မှာ စစ်အာဏာဆန့်ကျင်သူ ခုနစ်ဦးကို တရားရုံးက ဒဏ်ငွေချ  အမ်းမြို့မှာ စစ်အာဏာဆန့်ကျင်သူ ခုနစ်ဦးကို တရားရုံးက ဒဏ်ငွေချ Reviewed by THITHTOOLWIN on 20:22 Rating: 5

No comments:

Powered by Blogger.